ခရစ်တော်၌အသက်ရှင်လာသောသူများ

ဓမ္မသစ်ကျမ်းစာထဲ၌ သခင်ယေရှုသည် လူ (၃) ဦးအားသေခြင်းမှ ရှင်သန်ထမြောက် စေခဲ့သည်။ သို့သော်လည်း ထိုသူ (၃) ဦးတို့ အသက်ပြန်ရှင်လာသောအခါ လက္ခဏာ သွင်ပြင်ခံစားမှု ပုံသဏ္ဍာန်များသည် တစ်ဦး နှင့်တစ်ဦးတူညီသော တုန့်ပြန်မှုမရှိကြကြောင်း ကို တွေ့မြင်နိုင်ပါသည်။ တို့အတူ ကျွန်ုပ်တို့အသက်တာ၌ ခရစ် တော်ကိုမရရှိသေးသောအခြေအနေ (သေနေ ချိန်)၊ ခရစ်တော်နှင့်တွေ့ထိပြီး ခရစ်တော်ရရှိ သောအခြေအနေ (အသက်ရှင်သောလူသစ်)…

ခရစ္စမတ်၏ စစ်မှန်သောအဓိပ္ပါယ်

ကျွန်ုပ်တို့သည် နှစ်အလီလီ ကို ဖြတ်သန်းခဲ့ သလိုခရစ္စမတ်ပေါင်း များစွာကိုလဲဆင်နွဲခဲ့ကြသည်။ ကျွန်ုပ်တို့ ဆင်နွဲ ပျော်ပါးခဲ့ ကြရသည့် ခရစ္စမတ်များစွာတို့ ရဲ့ အဓိပ္ပါယ် ကို တကယ်တန်းနားမလည်ဘဲ ပျော်ပါးခဲ့ ကြသူတွေလဲ အမြောက်အများရှိသည်။ ခရစ္စမတ်၏ စစ်မှန်တဲ့ အဓိပ္ပါယ်ကို အလွယ်ကူဆုံး အရိုးရှင်းဆုံး ပြောရမယ်ဆိုလျင် ခရစ်တော်ကို ကိုးကွယ်ခြင်းဖြစ်သည်။ ခရစ်တော် မွေးဖွါးခဲ့ တဲ့ အချိန်မှာဖြစ်စေ…

သံသယ ရှိခြင်းသည် စိတ်ကူးမျှော်လင့်ခြင်း၏ရန်သူဖြစ်သည်

လူတိုင်းငယ်ရွယ် ခဲ့စဥ်တုန်းက စိတ်ကူးဉာဏ်ကောင်းခဲ့ကြသည်။ သို့သော်အသက်ကြီးလာတာနဲ့အမျှ စိတ်ကူးစိတ်သန်းတွေက သံချေးတက်လာလေဖြစ်တတ်သည်။ ဖြစ်နိုင်ချေရှိသည့် အရာများ တကယ် ဖြစ်နိုင်သည်ကို သံသယစိတ်ဖြင့် မျှော်လင့်ထား မနေတော့ဘဲ အရာရာတိုင်း သူ့ဟာသူ ဖြစ်ပါစေ ပျက်ပါစေ ဟုခံယူပြီး ဖာသိဖာသာ နေတတ်လာကြသည်။ သံသယရှိခြင်းနှင့် စိုးရိမ်ကြောက်ရွံ့ခြင်းသည် ကျွန်ုပ်တို့ရဲ့ ဘ၀မှာ ဘုရားသခင် ဖြစ်စေလိုသော အရာများကို ပျက်ပြယ်စေနိုင်ပါသည်။ မျှော်လင့်ထားသော အရာများအတွက်…

အာဗြဟံနှင့် လောတထံမှ ဘဝသင်ခန်းစာများ

အာဗြဟံ (Abram) နှင့် သူ၏တူ လောတတို့၏ ဇာတ်လမ်းတွင် မှတ်သားထိုက်သော ဘဝသင်ခန်းစာ ၃ ခုရှိသည်။ သူတို့၏ဇာတ်လမ်းကို ကမ္ဘာဦးကျမ်းတွင်တွေ့ရှိရပြီး ကမ္ဘာဦးကျမ်း ၁၃ တွင် အာဗြဟံနှင့်လောတတို့ ကွဲကွာသွားချိန်အပေါ် အခြေခံထားပါသည်။ အာဗြဟံနှင့် လောတ၏ဇာတ်လမ်းအကျဉ်းချုပ် အာဗြဟံနှင့် လောတတို့သည် အတူနေခဲ့ကြသော်လည်း ၎င်းတို့၏ တိုးပွားလာနေသော ပိုင်ဆိုင်မှုများကြောင့် ပြဿနာများ အစပြုလာသည်။ အာဗြဟံကသူ့တူ လောတထံသွားပြီး…

မေတ္တာပြခြင်း၊ ဂုဏ်ပြုခြင်းနှင့် ချီးမွမ်းခြင်း

New York မှ ကျောင်းဆရာမတစ်ဦးသည် သူ၏ အထက်တန်းကျောင်းသားကျောင်းသူ တစ်ဦးချင်းစီကို ဂုဏ်ပြုရန် ဆုံးဖြတ်ခဲ့ပြီး ၎င်းတို့တစ်ဦးစီ၏ မတူညီမှုများကို ပြောပြသည်။ ကျောင်းသားကျောင်းသူတိုင်းကို အတန်းရှေ့သို့ ခေါ်၍ မတ်တပ်ရပ်စေပြီး ထိုကျောင်းသားသို့မဟုတ်ကျောင်းသူ ကြောင့် ဆရာမနှင့် အတန်းအတွက် မည်ကဲ့သို့ သော ပြောင်းလဲမှု ဖြစ်ပေါ်စေခဲ့သည်ကို ဂုဏ်ပြုပြောပြသည်။ ထို့နောက် “ပြောင်းလဲစေသောသူ” ဟု ရွှေစာတန်းထိုးထားသည့် အပြာရောင်ဖဲကြိုးတစ်ခုစီကို…

ဘုရားထံမှလူသားအားလုံးအတွက်လမ်းညွန်

ဘုရားသခင်ထံမှ လာသော ငြိမ်းချမ်းမှု၊ ပျော်ရွှင်မှုနှင့် ကောင်းကြီးမင်္ဂလာတို့ကို ဤလောကတွင် ရရှိခံစားနိုင်ရန် အတွက် သင့်ဘဝတွင် အပြောင်းအလဲအချို့ ပြုလုပ်ရန်လိုအပ်ပါသည်။ ထိုအရာများကို ဘုရားသခင်က သမ္မာကျမ်းစာ တဆင့် ကျွန်ုတို့ကို နေ့စဥ်နေ့တိုင်း သတိပေး ပြောပြနေပါတယ်။ သင်ယုံကြည်နိုင် သလောက် သင်ကောင်းကြီးခံစားရမှာဖြစ်တယ်။ ၁။ စိတ်မပူပါနဲ့ လောကကြီးက မင်းကို မညှာမတာထိုးနှက်တိုက်ခိုက်နေတိုင်း မင်းထိုင်ပြီး စိတ်ပူနေမှာလား? မင်းရဲ့ဝန်ထုပ်ဝန်ပိုးအားလုံးကို…

သင့်အကြောင်းကို ပြောပြခြင်းဖြင့်သက်သေခံပါ

ဘဝတွင် ဘုရားသခင်လုပ်ဆောင်နိုင်သည့် ကြီးမြတ်သောအရာများအကြောင်း အခြားလူများအား အသိပေးရန် အထိရောက်ဆုံးနည်းလမ်းမှာ သင့်ဘဝတွင် ဘုရားသခင်လုပ်ဆောင်ခဲ့သည့်အရာများကို လူတို့အား ပြောပြခြင်းဖြစ်သည်။ သို့ပြုခြင်းသည် ထူးခြားမှုတစ်ခု ဖြစ်စေနိုင်ပါသည်။ တမန်တော် 1:8 တွင် သခင်ယေရှုက “သင်တို့သည် ငါ၏အကြောင်းကို နေရာတိုင်း၌ လူတို့ကို ဟောပြောကြလိမ့်မည်” ဟုဆိုသည်။ “သက်သေ” ဟူသော စကားလုံးကို ကြားလိုက်ရသောအခါ တရားခွင်တစ်ခုအကြောင်း တွေးလိုက်မိသည်။ ဤသည်မှာ…

ကူညီတတ်သောနှလုံးသား

ထွက်မြောက်ရာကျမ်း ၁၇း၁၀-၁၆တွင် မောရှေသည် အာမလက်လူတို့နှင့် တိုက်ခိုက်သည့် စစ်ပွဲအတွင်း အကူအညီ၊ မစထောက်ပံ့မှုကို လိုအပ်ခဲ့သည် ။ ‘‘မောရှေသည် လက်ကို ချီသောအခါ၊ ဣသရေလလူတို့သည် နိုင်ကြ၏။ လက်ကို ချသောအခါ အာမလက် လူတို့နိုင်ကြ၏’’။ အာရုန်နှင့်ဟုရတို့သည် ထိုအဖြစ်အပျက်ကို မြင်ပြီး မောရှေနားတွင် တစ်ယောက်တစ်ဘက်ရပ်၍ မောရှေလက်ညောင်းလာလျှင် ကူညီ ထောက်ပံ့ပေးခဲ့သည်။ သူတို့၏အထောက်အပံ့ဖြင့် နေဝင်ချိန်တွင် အောင်မြင်မှုကို…

ဝိညာဥ်ရေးရာအစားအစာ

လူအများစုအတွက် အစားအစာသည် လိုသည်ထက်ပိုအရေးကြီးပြီး အံ့ဖွယ်လောက စည်းစိမ်တစ်ပါးဖြစ်သည်။ အလွန်ဗိုက်ဆာနေ ချိန်ဆိုလျှင် စားချင်စဖွယ်ပြင်ဆင်ထားသည့် ထမင်းပွဲ၌ ထိုင်လိုက်ရလျှင် အလွန်ကျေနပ်အားရတတ်ကြသည်။ ရေတွင်းအနီး ရှမာရိအမျိုးသမီးနှင့် စကားပြောနေသည့် တမနက်လုံး ထမင်းမစားရသေးသည့် ယေရှုထံ တပည့်တော်များ က “အရှင်၊ အစာသုံး ဆောင်ပါ” ဟုပြောသောအခါ ယေရှုက “သင်တို့မသိ သောစားစရာသည် ငါ၌ရှိသည်” ဟုပြန်ဖြေခဲ့ သည်။ ရေတွင်း…

ကြွယ်ဝသော အသက်တာနှင့် သူဌေး

ကြွယ်ဝသောအသက်တာသည် သူဌေးဖြစ် ခြင်းနှင့်မတူပါ။ ထိုသဘောနှစ်ခုကို တူသည်ဟု အထင်ရှိကြသူက များ၏။ ထို့ကြောင့်ဘဝ၌ အခက် တွေ့ရကြ၏၊ ကြွယ်ဝသောအသက်တာ ဆိုသည်မှာ သူဌေးဖြစ်ခြင်းကို ဆိုလိုခြင်းမဟုတ်ကြောင်း၊ ယုံ ကြည်သူတို့အနေနှင့် ဦးစွာပထမ သဘောပေါက်သင့်လှပေသည်။ လောက၌ငွေရှိလျှင် မည်သူမဆို သူဌေး ဖြစ်နိုင်ပါသော်လည်း ကြွယ်ဝသောအသက်တာကိုမူ ငွေရှိသော သူဌေးတိုင်း မရရှိနိုင်ကြ။ အဘယ်ကြောင့်ဆိုသော် ထိုအရာသည် ဤလောက၌ရုပ်ဝထ္ထုပစ္စည်း တစ်ခုအနေနှင့်…

စစ်မှန်သောနိုးကြားခြင်း

ယနေ့ယုံကြည်သူများ အကြားတွင် "နိုးကြားသောအသင်းတော်" ဆိုသည့်စကားလုံးနှင့် အတူ "ဘယ်အသင်းတော်က နိုးကြားတယ်၊ ဘယ်အသင်းတော်ကဖြင့် မနိုးကြားဘူး၊ တို့ကတော့ နိုးကြားတဲ့အသင်းတော်မှ တက်ချင်တယ်" စသဖြင့် ပြောဆိုနေသံများကိုကြားရပါသည်။ များစွာသောသူတို့က မိမိခံယူ ထားသော ဝါဒစကားလုံးကြောင့် နိုးကြားသည် ဟုထင်နေကြသည်။ ကျွန်တော်တို့အသင်းတော်က နိုးကြားတော့ ဘုရားချီးမွမ်းရင်လက်မြှောက်ကြတယ် ဟုပြောသောသူများ ရှိကြသည်။ တချို့က ဝတ်ပြုတဲ့အချိန်မှာကခုန်ချီးမွမ်းကြခြင်းကို နိုးကြားသည်ဟုထင်သည်။ တချို့သောသူများက နိုးကြားသော…

ဖာရိရှဲတို့၏စိတ်နှလုံးသဘော

ဖာရိရှဲဟူသော အနက်ကား “ခွဲခြားပြီး” ဟု အဓိပ္ပါယ် သက်ရောက်ပါသည်။ အကြောင်းမှာ အခြားသောသူများထက် ဥပဒေများ၊ ဘာသာရေး၊ ဝတ်ပြုရေး၊ များကို ကြပ်တည်းစွာ စောင့်ရှောက်မည်ဟု ခွဲခြား၍ သီးသန့်နေကြခြင်းကြောင့် ဖာရိရှဲဟူ၍ အမည်ရသည်။ ကျမ်းပြုဆရာများ၊ ဖာရိရှဲများတို့သည် ကျမ်းတတ်များ ဖြစ်ကြသော်လည်း သူတပါးအပေါ်၌ အပြစ်တင်ခြင်း၊ အပြစ်မြင်တတ်ခြင်း ရှိရုံမျှမက မိမိတို့သိမြင်ထားသော အရာများကိုလည်း ရှင်းလင်းပြတ် သားစွာ…

စစ်မှန်သောရောင့်ရဲခြင်းစိတ်သဘော

ရောင့်ရဲတဲ့စိတ်သဘော အပြည့်ရှိသူဟာ ချမ်းသာပြည့်စုံသူဖြစ်တယ်။ စစ်မှန်တဲ့အောင်မြင်မှုကို ပိုင်ဆိုင်ထားသူလည်းဖြစ်တယ်၊ စိတ်အလိုပြည့်ဝသူ ဖြစ်တယ်။ တစ်ချို့ရောင့်ရဲတဲ့စိတ်ကို အယူကောက်မှားကြတယ်၊ ငါ့ဘဝမှာတော်ပြီ၊ ဒီအခြေအနေမှာ ပဲနေတော့မယ်၊ ငါဘာမှမလုပ်တော့ဘူး၊ ရှိတာလေးနဲ့ပဲစားမယ်၊ နေမယ်၊ ဘာမှမတပ်မက်တော့ဘူးဆိုပြီးနေကြသူတွေရှိကြတယ်၊ အဲဒီလူတွေဟာ မိမိဘဝကိုတာဝန်မယူချင်သူတွေ၊ မိမိနှင့်စပ်ဆိုင်တဲ့သူတွေ ကိုတာဝန်မယူချင်သူတွေ၊ မိမိကို ဘုရားပေးအပ်ထားတဲ့ အတိုင်းအတာတွေကို လျှစ်လျူရှုထားတဲ့သူတွေ ဖြစ်တယ်။ ရောင့်ရဲသောစိတ်ဆိုဒါ စိတ်နှလုံးသားအတွင်း အရာခပ်သိမ်း၌ ကျေနပ်မှုအပြည့်ရှိပြီး လျှောက်လှမ်းရတဲ့…

အလိုတော်နှင့် အခွင့်တော်

ဘုရားသခင်သည် လူမပါဘဲမည်သည့်အမှုကိုမျှမပြုပါ။ သို့သော် လူသည်ဘုရား သခင်မရှိဘဲ မည်သည့်အမှုကိုမျှမပြုနိုင်ပါ။ ကျွန်ုပ်တို့သည်ဘုရားသခင်၏အလိုတော်နှင့် အခွင့်တော်ကိုရှင်းလင်းစွာ သိရှိထားရန် လိုအပ်ပါသည်။ ဘုရားသခင်၏ အလိုတော်ဟူသည်မှာ ဘုရားသခင်ဖြစ်စေလိုသောဆန္ဒ၊ ဘုရားသခင် ပြုစေလိုသော အရာဖြစ်ပါသည်။ လူတိုင်း၌ မိမိတို့ပြုလိုသော ဆန္ဒ၊ မိမိတို့လုပ်ချင်သည့် အရာ ရှိတတ်ပါသည်။ ထိုအရာသည်အလိုတော်မဟုတ်၊ အခွင့်တော်ဖြစ်ပါသည်။ ကျွန်ုပ်တို့လုပ်၍ ဖြစ်တိုင်း၊ တောင်း၍ရတိုင်း၊ ဘုရားသခင်အလိုတော် ဖြစ်သည်ဟု တထစ်ချပြော၍မရပါ။…

ဘုရားသခင်ချီးမြှောက်သော အသက်တာ

ပညာရှိသောသူသည် မည်သည့်အခါမျှ အရာတခုခုအား ကောင်းကြီးမင်္ဂလာ (သို့) ကျိန်ခြင်းအမင်္ဂ လာဖြစ်သည်ဟု လျင်မြန်စွာ မဆုံးဖြတ်တတ်ပေ။ အတိတ်ကို ဆင်ခြင်ခြင်း ဆာလံ ၄၁ သည် ဒါဝိဒ်မင်းကြီး နာမကျန်းဖြစ်ချိန် အိပ်ရာပေါ်မှရေးသော ဆာလံဖြစ်သည်။ အိပ်ရာပေါ်၌ လဲနေသောသူတို့၏ ထုံးစံအတိုင်း ဒါဝိဒ်မင်းကြီးသည် ဟိုတွေး သည်ကြည့်ဖြင့် မိမိ တွေ့မြင်ခံစားသည်ကို ရေးသားထားသည်ကို တွေ့ရသည်။ မိမိ၏ အတိတ်ကို…

အသက်ရှင်သောနှုတ်ကပတ်တော်။

တစ်ခါကအလွန်ချမ်းအေးတဲ့နိုင်ငံ တစ်ခုရဲ့မြေအောက်အကျဉ်းစခန်းတခု မှာယုံကြည်သူခရစ်ယာန် တစ်ဦးအထိမ်းသိမ်းခံနေရပါတယ်။ ရေခဲအမှတ်အောက် ၃၀ဒီဂရီလောက်ကျနေတဲ့ ဆောင်းရဲ့ တိုက်ခိုက်မှုဒဏ်ကို ကာကွယ်ဖို့စောင်ကြမ်းကလေး တစ်ထည်ကိုဘဲ အကျဉ်းစခန်းက သူ့ကိုပေးထားတယ်လို့ဆိုပါတယ်။ တနေ့ကျတော့ တံခါးရုတ်တရက်ဝုန်းကနဲပွင့်လာပြီး ရိုက်ပုတ်ညှင်းပန်းခြင်းကြောင့် တကိုယ်လုံး ဒဏ်ရာဗလပွနဲ့နောက် အကျဉ်းသားတစ်ယောက်ကို တစ်စုံတစ် ယောက်က ရက်စက်ကြမ်းကြုတ်စွာ အခန်းထဲကို တွန်းချလိုက်တယ်။ နောက်ဝင်လာတဲ့အကျဉ်းသားခမျ ာနာကျင်မှုဝေဒနာများကြောင့် အေးစက်နေတဲ့တမံတလင်းကြမ်းပေါ်မှ ာမှောက်လှဲနေတယ်။ ဒီလူတော့ မနက်မိုးမလင်းခင်သေမှာဘဲလို့ ခရစ်ယာန်ဘာဝင်…

ပြင်ဆင်ထားပြီလား?

( ၂ကော ၆း၂၊ လု ၂၃း၄၃) ပုံပြင်လေးတစ်ပုဒ်မှာ၊ ကုဋေကြွယ် သူဌေးကြီး တစ်ဦးဟာ မရဏာသေမင်းကိုကတိတစ် ခုတောင်းဘူးတယ်။ "မင်းခေါ်တဲ့နေ့ငါလိုက်မယ်၊ ဒါပေမဲ့ ကြိုတင်သတိပေးပါတဲ့" ဒီလိုနှင့် နှစ်တွေလတွေ အလီလီပြောင်းလာခဲ့တယ်။ ဆောင်းရာသီညနေခင်းတစ်ခုမှာ သေမင်းတမန် ရုတ်တစ်ရက်ရောက်လာပါတယ်။ သူဌေးကြီး ဟာ ဘာမှပြင်ဆင်ထားခြင်းမရှိသေးတဲ့အတွက်၊ "မင်းကြိုတင်အသိပေးဖို့ကတိပေးထားတယ် မဟုတ်လား" လို့မေးလိုက်ပါတယ်။ သေမင်း တမန်ကလည်း "ငါကတိမပျက်ပါဘူး၊ မင်းပြင်…

တစုံတရာဖြစ်လာတဲ့အထိ ဆုတောင်းပါ

ကျွန်တော်တို့ ဆုတောင်းတဲ့အခါ တစုံတရာဖြစ်လာသည့်တိုင်အောင် ဇွဲမလျှော့ဘဲ ဆုတောင်းတတ်ဖို့ လိုအပ်ပါတယ်။ ပရောဖက် ဧလိယကို ပုံဥပမာ ယူဖို့ ဖြစ်တယ်။ ဣသရေလတိုင်းပြည်မှာ သုံးနှစ်ခွဲလောက် မိုးခေါင်ခဲ့တဲ့အချိန်မှာ ဧလိယ မိုးရွာဖို့ ဆုတောင်းခဲ့ပါတယ်။ သူဆုတောင်းနေချိန်မှာ သူ့ရဲ့ကျွန်ကို ပင်လယ်ဆီသွားသွားပြီး ကြည့်ခိုင်းပါတယ်။ တကြိမ်၊ နှစ်ကြိမ်--- ဘာမှမရှိ၊ မတွေ့ရပါဘူး၊ ဒါပေမဲ့ ဧလိယ ဆက်ဆုတောင်းနေခဲ့ပါတယ်။ ခုနစ်ကြိမ်ပြီးမှ လူလက်နှင့်တူတဲ့…

ဘုရားသခင် နှင့် သူဖန်ဆင်းထားသော အရာများ

ဘုရားသခင်သည် လူသားအား သူ၏ ပုံသဏ္ဍာန်နှင့် အညီဖန်ဆင်း ထားသောကြောင့် လူသားသည် ပညာရှိပြီးသား၊ အသိဉာဏ်ရှိပြီးသား ဖြစ်သည်။ သို့သော် လူသားသည် ဘုရားရှင် ဖန်ဆင်းထားသောအရာ (အသီး) အား ဖြင့်သာပညာတိုးပွါးနိုင်သည့်အမြင်ဖြင့် မှားယွင်းစွာပညာရှာခြင်းကို ပြုခဲ့သည်။ ဘုရားပေးသော ပညာ၊ အသိဉာဏ်ထက် ဘုရား ဖန်ဆင်းထားသော အရာကိုဦးစားပေးလိုက်ခြင်းဖြစ်သည်။ ချီးမြောက် ရမည့်အရှင်အားဖယ်ရှား၍ ထိုအရှင်၏နေရာ တွင်အရှင်၏ ဖန်ဆင်းထား…

သမ္မာကျမ်းစာမှယောသပ်များ

“သမ္မာကျမ်းစာတွင် ယောသပ် အမည်ရှိ သော ပုဂ္ဂိုလ်(၄) ဦးကို တွေ့ရပါသည်။ (၁) ဦးစီ၏ အသက်တာတွင်လည်း ယုံကြည်သူများအတွက် ဆင်ခြင်စရာများရှိပါသည်။ ကမ္ဘာဦးကျမ်းမှ ယာကုပ်၏သား ယောသပ် ဖြစ်ပါသည်။ သခင်ယေရှု၏ လူဇာတိဖခင်လက်သမား ယောသပ်ဖြစ်ပါသည်။ သခင်ယေရှု၏ အလောင်းကိုလာတောင်း သော အရိမဿဲမြို့သား ယောသပ် ဖြစ် ပါသည်။ တမန်တော်ဝတ္ထု အခန်းကြီး(၁) မှာ ယုဒရှကာရုတ်၏နေရာကို…

သခင်ဘုရား၏ပဌနာတော်အားဆင်ခြင် အောက်မေ့ခြင်း

- ကောင်းကင်ဘုံ၌ရှိတော်မူသော ကျွန်ုပ်တို့၏အဘ။ ကျွန်ုပ်အားကျဆင်းစေမည့် အရာခပ်သိမ်းထက် အားကြီးပြီး ကျွန်ုပ်ကိုချီပင့်မည့် တန်ခိုးတစ်ခုရှိကြောင်း၊ ယနေ့ ကျွန်ုပ်ယုံကြည်နိုင်ဘို့မစတော်မူပါ။ - ကိုယ်တော်၏နာမတော်အားရိုသေ လေးမြတ်ခြင်းရှိပါစေသော။ ကျွန်ုပ်သည် တစ်နေ့ထက်တစ်နေ့ သာ၍ သန့်ရှင်းသော အသက်တာကိုရှင်နိုင်ပါမည့်အကြောင်း နှစ်သက်ဖွယ်သောအရာများကို ခံစားတတ်ဖို့နှင့် ကောင်းမြတ်သောအရာများကို တုန့်ပြန်တတ်ဖို့ ကျွန်ုပ်အားမစတော်မူပါ။ - နိုင်ငံတော်တည်ထောင်ပါစေသော။ ကျွန်ုပ်၏နေ့ရက်များသည် သမရိုးကျ စိတ်ဝင်စားဖွယ် မကောင်းသော နေ့ရက်များ…

ရူပါရုံရှိသောသူ

သမ္မာကျမ်းစာမှ ယောသပ်၏ အသက်တာကို အခြေခံ၍ အမှုတော်ဆောင်မည့်သူများအတွက် အဓိကထား၍ ဝေငှလိုပါသည်။ ယောသပ်၏ အသက်တာကို (ကမ္ဘာ ၃၇) တွင် စတွေ့ရပါသည်။ (ကမ္ဘာ ၃၇) တွင်ယောသပ် အသက် ၁၇ နှစ် အရွယ်ဖြစ်ပါသည်။ ကမ္ဘာ ၃၇း၁-၈ ကိုဖတ်ကြည့်လျှင် ယောသပ်သည် သူ့အကိုများနှင့်အတူ သိုးထိန်းနေသည် ကို တွေ့ရပါသည် ယောသပ်တို့ညီအစ်ကို များသည်…

ဒုတိယမ္မိ မွေးစားခံလူသား

'မိုက်ကယ်ရီဂင်' တဲ့၊ မငယ်တော့ပါဘူး၊ ခြောက်ဆယ်ကျော်စရှိမှာအသေအချာပါ။ ၂၀ဝ၄ စက်တင်ဘာလ အတွင်းမှာ အိမ်တော်ပြန်သွားပြီ ဖြစ်တဲ့ သမ္မတဟောင်း 'ရော်နယ်ရီဂင်' ရဲ့သားပေါ့။ သူ့ကအကြောင်းအရာတစ်ခုကို ပြောပြတယ်။ တခါတုန်းက အလွန်ငယ်ရွယ်တဲ့သရုပ်ဆောင် အမျိုးသမီးကလေး တစ်ဦးဟာ မယားရှိလင်တစ် ယောက်နဲ့ ဖောက်ပြားကျူးလွန်မိတဲ့အတွက် ကလေးတစ်ဦးကို တိတ်တဆိတ် မွေးခဲ့ရတယ်တဲ့။ သူမဟာ ဟောလီဝုဒ်ရဲ့ဆေးရုံတစ်ခုမှာ ဒီကလေးကို ပေးအပ်လိုက်တယ်တဲ့။ အဲဒီဆေးရုံမှာ မွေးစားမိဘတွေကို…

ချီးမွမ်းခြင်း၏တန်ခိုး

နိဒါန်း။ ။ တခါက သမီးငယ်လေးတစ်ယောက် သူ၏အမေကိုမေးတယ်။ "အမေ ဘာကြောင့် ဆံပင်ဖြူတာလဲ" အမေကပြန်ဖြေတယ်။ "သမီး အမေ့စကားကို နားမထောင်တဲ့အခါတိုင်းမှာ အမေ့ဆံပင် တစ်ပင် ဖြူလာတယ်" ဒါနဲ့ သမီးငယ်က ခေတ္တခဏ ငြိမ်နေပြီးတော့ နောက်မေးခွန်းတစ်ခုကိုထပ်မေးတယ်။ "ဒါဆို အဖွါးဆံပင်ဖြူတာရော ဘာကြောင့်လဲ" အမေ မဖြေဘဲငြိမ်သွားတယ်။ (၁) အသက်အရွယ်ကြီးရင့်ခြင်းသည် ဘုန်း အသရေ နှင့်တင့်တယ်သည်။…

ထူးချွန်သူတို့ လျှောက်ရာလမ်း (The Road To Excellence)

By - Kenneth Copeland မကြာသေးမီအချိန်မှစ၍ဘုရားသခင်သည် ပြင်းပြသော ဆာငတ်တောင့်တမှုရှိသည့်လူတို့အား အရှိန်အဟုန်ဖြင့် ပြုစုတည် ဆောက်ပေးလျှက်ရှိပါသည်။ ထိုလူတို့ကား ဘုရားသခင်နှင့်နက်ရှိုင်း စွာ ရင်းနှီးသိကျွမ်းလိုသူများ၊ ဘုရားသခင်သူတို့အားဖြစ်စေလို သည့်အတိုင်း ဖြစ်ရန်ဆန္ဒပြင်းပြသူများ၊ တရားဟောပလ္လင်မှာ၊ သာသနာ ကွင်းထဲမှာ၊ မိမိနေအိမ်မှာ၊ မိမိရုံးဌာန (သို့) ကိုယ်တော် စေလွှတ်သည့် မည်သည့်နေရာမှာမဆို ကိုယ်တော်အတွက် ထူးချွန် ပြောင်မြောက်စွာ အစေခံလိုသူများပင်ဖြစ်လေသည်။…

ဘုရားသခင်၏ကတိတော်များ သင့်လိုအပ်ချက် အလုံးစုံအတွက် အဖြေ

ယနေ့ ကမ္ဘာကြီးကိုကြည့်သည့်အခါ နေရာတကာမှာစိုးရိမ်ထိတ်လန့်စရာတွေ၊ ကြောက်ရွံ့စရာတွေနှင့် ပြည့်နှက်နေသည်ကို တွေ့ရပေသည်။ နေ့စဉ်နှင့်အမျှ ထုတ်လွှင့် ပေးနေသည့်သတင်းမီဒီယာတွေ ကိုကြည့် လျှင် ကမ္ဘာ့စီးပွားရေး ကမောက်ကမဖြစ်မှု၊ အကြမ်းဖက်တိုက်ခိုက်မှု၊ ရာသီဥတု ဖောက် ပြန်မှုကြောင့် သဘာဝဘေးအန္တရယ်များ တွေ့ကြုံနေရမှု၊ ကုသရန်ခက်ခဲသော ကပ် ရောဂါဆန်းများပျံ့နှံ့လာမှုစသည့်အရာ တွေက သတင်းခေါင်းကြီးပိုင်းမှာအမြဲလိုလို နေရာယူနေကြပြီဖြစ်သည်။ ကမ္ဘာပေါ်ရှိ မည်သည့်အရာကမျှ ကျွန်ုပ်တို့အား လုံခြုံ စိတ်ချမှုအာမခံချက်ကိုမပေးနိုင်သည်မှာ…

အသက်ရှင်နေသော ယုဒသန်၏ ဆက်ကပ်သာသနာ (Judson’s Living Sacrificial Mission)

ကျမ်းချက်။ ။ ရှင်မဿဲ ၂၈း၁၆-၂၀ ရောမသြဝါဒ ၁၂း၁-၂ ဟေဗြဲသြဝါဒ ၁၃-၇ နိဒါန်း။ မြန်မာနိုင်ငံ နေရာဒေသအသီးသီးရှိ လူမျိုး ပေါင်းစုံပါဝင်နေသော မြန်မာနိုင်ငံနှစ်ခြင်း ခရစ်ယာန် အသင်းချုုပ်မှ ဦးဆောင်မည့် ယ္ခုနှစ် ၂၀ဝ၇ ခုနှစ် ဇူလိုင်လ (၁၃)ရက်နှင့် အနီးဆုံး (၁၅) ရက်နေ့ တနင်္ဂနွေနေ့၊ ''ယုဒသန်နေ့'' ကိုမြန်မာပြည်သား အားလုံး အထူးသဖြင့်…

အသင်းတော်သဏ္ဍန်

နိဒါန်း - အသင်းတော်ဟုဆိုလျှင်ကျွန်ုပ်တို့၏မျက်စိ အမြင်အာရုံတွင်အဆောက်အဦ၊ ဂိုဏ်းဂဏနှင့် နေရာအနေအထားများကိုသာမြင်ယောင်လျက် အသင်းတော်၏မူရင်းသဏ္ဍာန်ကိုရှင်းလင်းစွာမြင် သာရန်အတွက်ဖော်ပြလိုပါသည်။ ၁။ အသင်းတော်သည်'ခန္မာကိုယ်'သဏ္ဍာန် ဆောင်သည်။ ဓမ္မသစ်တွင်အသင်းတော်၏သဏ္ဍာန်သည် 'ခန္မာကိုယ်'အသွင်သဏ္ဍာန်ဆောင်သည်ကို ရော၁၂၊ ၁ကော၁၂ နှင့်ဧဖက် ၄ တို့တွင်ဖော် ပြထားသည်ကိုတွေ့ရသည်။ အထက်ပါကျမ်းပိုဒ်များသည်အသင်းတော် တွင်စုစည်းပေါင်းဘက်မှုများ၌ရှိသည်ကိုသရုပ် ဖော်ထားသည်။ ဤပေါင်းဘက်စုစည်းမှုသည် တစ်ဦးနှင့်တစ်ဦး၏အပြန်အလှန်မှီခိုမှု၊ ဝိညာဉ် ရေးရာဆုကွာခြားခြင်းနှင့်မေတ္တာအားဖြင့်တစ် ဦးနှင့်တစ်ဦးမိတ်ဖက်/မိဿဟာယပြုခြင်းများအား ဖြင့်ဆက်နွယ်ပေါင်းစပ်နေသည်ကိုဖော်ပြထားသည်။ ကိုယ်ခန္မာအစိတ်အပိုင်းများ၏သီးခြားလုပ် ဆောင်မှုများရှိသကဲ့သို့ခရစ်တော်၏ခန္မာကိုယ်…

ခရစ်တော်ပြောသောချစ်ခြင်းတရား

ယုံကြည်သူ တစ်ယောက်တွင် ခရစ်တော် အမှန်တကယ်ရှိမရှိ သို့မဟုတ် စစ်မှန်သော ခရစ်တော်၏ နောက်လိုက် ဖြစ်မဖြစ် သိသာထင်ရှားစေသည့် အချက်တချက်မှာ ထိုသူ၏ အခြားသောသူများကို ဆက်ဆံပုံ ဆက်ဆံသည့်ပုံစံကို ကြည့်ခြင်းအားဖြင့် သိနိုင်သည်။ မာသာထရေဆာ အား အဘယ့်ကြောင့် ဆင်းသားများ၊ ညစ်ပတ်ပေရေ နေသော အိုးမဲ့အိမ်မဲ့ များကို ဤမျှလောက် ကူညီနိုင်ရသနည်း ဟု တစုံတယောက်က မေးရာ…

ယုံကြည်ခြင်းတည်းဟူသော မျိုးစေ့

ကျွန်ုပ်တို့သည် တခါတရံ ဘုရားသခင်၏ လုပ်ဆောင်နိုင်စွမ်း နှင့် ချစ်ခြင်းမေတ္တာကို သံသယ ဖြစ်တတ်ကြသည်။ ပြဿနာ တခုခုနှင့် ရင်ဆိုင်ရသော အခါ ဘုရား လုပ်ပေးမည့် အချိန်အခါကို စောင့်ဆိုင်း မည့် အစား၊ ဘုရားကို မတိုင်ပင်၊ မအပ်နှံ ဘဲ ကြုံတွေ့ လာရသော ပြဿနာကို ကိုယ်တိုင် ထဖြေရှင်းတတ်သည့်အကျင့်သည် ဘုရား၏ လုပ်ဆောင်နိုင် စွမ်းနှင့်…

နေရာ

ဘုရားသခင်သည် ကျွန်ုပ်တို့အား ကောင်းကြီးပေးနိုင်ရန်အတွက် ““နေရာ”သည်အရေး ကြီးလှပါသည်။ ဘုရားသခင်က ကျွန်တော်တို့ကို ဘယ်နေရာ ကိုသွားစေချင်သလဲ။ ဘယ် နေရာ မှာစည်းပွါးရေးလုပ်စေချင်သလဲ။ ဘယ်နေရာ ကိုသွားပြီးအမှုတော်ဆောင်စေချင်သလဲ။ တခါတရံ ကျွန်တော်တို့ ဘယ် 'နေရာ' မှာဘဲနေနေ ကောင်းပါတယ်လို့ ပြောတတ် ကြပါတယ်။ ဒါပေမဲ့ ကျမ်းစာကိုကြည့်ရင် `နေရာ' ဟာ ဘယ်လောက်အရေးကြီးသလဲဆိုတာကို ဘုရားသခင်အသုံးပြုတဲ့ ပုဂ္ဂိုလ်ကြီးတွေရဲ့ အသက်တာအားဖြင့်ခွန်အားယူကြပါစို့…

ဝါတွင်းအစာရှောင်ဆုတောင်းခြင်း

ခရစ်နှစ် ပထမရာစုနှစ်ကတည်းက ခရစ် ယာန်အသင်းတော်တွင်စတင်ကျင့်သုံးခဲ့သော အစဉ်အလာတစ်ခုမှာ ဝါတွင်းကာလ (Lent Season) ဖြစ်ပါသည်။ သခင်ယေရှု၏တော ထဲ၌ အရက်လေးဆယ်ပတ်လုံးအစာရှောင်ပြီး ကျင့်သုံးခဲ့သောကျင့်စဉ် (မဿဲ ၄း၁-၂)ကို အခြေခံလျှက် စတင်ကျင့်သုံးခဲ့သောကာလဖြစ် ပါသည်။ ထို့အပြင်သခင်ယေရှု၏ သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်းသည် ခရစ်ယာန်အသင်း တော်များအတွက်အထွဋ်အမြတ်ထားသောနေ့ ရက်ဖြစ်ပါသည်။ ထို့ကြောင့် အီစတာ တနင်္ဂ နွေသည် ဝါတွင်းကာလ၏အခြေခံနေ့ရက်ကာ လတစ်ရက်ဖြစ်လာပါသည်။…

ကျွန်ုပ်တို့၏ ကျန်းမာရေးအတွက်

တက္ကသိုလ်တစ်ခု၏ ဆေးသုတေသန ဌာနမှ ထင်ရှားသော သုတေသီတစ်ဦး၏ အဆိုအရ “အကယ်၍ ကျေးဇူးတင်ခြင်းသည် ဆေးတစ်မျိုးသာ ဖြစ်မည် ဆိုလျှင် ခန္ဓာကိုယ်၏ အဓိက အင်္ဂါအစိတ်အပိုင်းများ ကို ကုသရန် အတွက် အရောင်းရဆုံးသော ကမ္ဘာ့ရောင်းကုန်ဖြစ်လာမည် ဖြစ်သည်” ဟုဆိုသည်။ ကျွန်ုပ်တို့သည် ကျေးဇူးတင်ခြင်းနှင့် ဝမ်းမြောက်ခြင်း (သို့) ဝမ်းသာခြင်း ကို တခါတရံ သေသေချာချာ နားမလည်ဘဲ…

မတူညီကွဲပြားမှုနှင့် ချစ်ခြင်းတရား

ဆော့ကစားခြင်းကို ခုံမင်သော အာဖရိက ခြင်္သေ့၊ ခန့်ငြားလှပသော ဘင်္ဂလီကျား၊ နှင့် ပျော်ပျော်နေတတ်သော အမေရိကန် ဝက်ဝံ တစ်ကောင်တို့သည် ဆယ်နှစ်ကျော် ခင်မင်ရင်းနှီးစွာ အတူတကွ၊ လက်ပွန်းတတီး နေထိုင်ကြီးပြင်းခဲ့သည် ဟု တစုံတစ်ယောက် ကပြောလာလျှင် ကလေးများအတွက် ပုံပြင် ပြောသည် ဟု မိတ်ဆွေထင်ကောင်း ထင်မိလိမ့်မည်။ သို့သော် ထိုအဖြစ်အပျက်သည် ကလေး ပုံပြင် တစ်ခုမဟုတ်ခဲ့ပါ။…

၅၇ ပြားတန် မြေကွက်ပေါ်တွင် ဆောက်သော ဘုရားကျောင်း

သမ္မာကျမ်းစာတွင် ကြေးနီ ဒင်္ဂါး ၂ ပြားကို ဘုရားကျောင်း တွင် အလှူငွေအဖြစ်ပေးသော မုဆိုးမ အမျိုးသမီးကို ခရစ်တော် က အလှူငွေ အများဆုံးပေးသူ ဖြစ်သည်ဟု မှတ်ချက် ပေးသည်။ အဘယ်ကြောင့်ဆိုသော် ထိုအမျိုးသမီး သည် သူမပိုင်ဆိုင်သော ငွေကြေး အားလုံး၏ ၁၀၀ ရာခိုင်နှုန်း ကို အလှူငွေ အဖြစ် ပေးခြင်းဖြစ်ကြောင်း ခရစ်တော်…

ဝိညာဥ်ရေးရာလမ်းညွန်

အမေရိကား ရောက်ခါစ ဖတ်ခဲ့ဖူးသော ဂျုးလူမျိုး မီလျံနာ တစ်ယောက် အကြောင်းကို ကျွန်တော် မကြာခဏ ဆိုသလို မိတ်ဆွေများကို ပြောပြတတ်သည်။ ထို ဂျုးလူမျိုး မီလျံနာသည် အစ္စရေးလ် စစ်တပ်မှ ပင်စင် ယူပြီး အမေရိကန် သူဌေး တစ်ယောက်၏ ကိုယ်ရံတော် လုပ်ရန် အမေရိကန် နိုင်ငံသို့ ပြောင်းရွေ့နေထိုင်သည်။ အမေရိကန် နိုင်ငံ ရောက်ပြီး…

ပရောဖက်ပြုခြင်း

ပရောဖက်ပြုခြင်းကို မထီမဲ့မြင်မမှတ်ကြနှင့် ။ ခပ်သိမ်းသော အရာကိုစုံစမ်း၍ ၊ ကောင်းသော အရာကို အမြဲကိုင်စွဲကြလော့ ။ မကောင်းသောအမှုအမျိုးမျိုးရှိသမျှကို ရှောင်ကြလော့။ (၁သက် ၅း၂၀-၂၂) ၁။ ပရောဖက်ပြုခြင်းကို မထီမဲ့မြင် မမှတ်ကြနှင့် ဘုရားနာမတော်အားဖြင့် ပရောဖက်ပြုသော သူကို အထင်သေးခြင်း၊ ကဲ့ရဲ့ခြင်း မထီမဲ့မြင်ခြင်း ပြု မနေပါနှင့်။ သူ့ဟာသူ မှန်ချင် မှန်မယ် မှားချင်…

နိုင်ငံရေးနှင့် ပတ်သက်သော ပရောဖက်ပြုချက်များ

၂၀၂၀ အောက်တိုဘာ လကုန်ခန့်အချိန်တွင် Pat Robertson ဆိုသူ ခရစ်ယာန် ပရောဖက် တစ်ပါးက အမေရိကန် ရွေးကောက်ပွဲတွင် Trump အနိုင်ရမည် ဟု ဘုရားက သူ့ကို ဖော်ပြကြောင်း ပရောဖက် ပြု နိမိတ် ဖတ်ခဲ့သည်။ ၂၀၁၆ ရွေးကောက်ပွဲတွင်လည်း Jeremiah Johnson ဆိုသူ ပရောဖက်တစ်ပါးက Republican primary တွင်…

မြည်းစမ်းကြည့်ပြီးပြီလား

ဆာလံ ၃၄း၈ တွင် “ထာဝရဘုရားသည် ကောင်းမြတ်တော်မူသည် အကြောင်းကို မြည်းစမ်း၍သိမှတ်ကြလော့။” ဟုဖော်ပြထားသည်။ ကျွန်ပ်တို့ သည် မြည်းစမ်းခြင်း ဆိုသည့် စကားလုံး အပြောအဆိုကို ထမင်းဟင်းချက်သည့် အချိန်တွင် အသုံးများသည်။ ကျွန်ုပ်တို့ချက်သည့် ဟင်း ကျက် မကျက်၊ အရသာရှိမရှိ၊ ငန် မငန် သိရှိရန် မြည်းစမ်းကြည့်ကြသည်။ မြည်းစမ်းကြည့် မှသာ စားလို့ ကောင်းမကောင်းသိနိုင်သည်။…

ယုံကြည်သည့်အတိုင်းလိုက်နာပါ

သမ္မာကျမ်းစာနှင့် သွန်သင်ချက်များကို ကျွန်ုပ်တို့ အတော်များများသိရှိကြသည်၊ နားလည်ကြသည်။ သို့သော် ထိုသမ္မာကျမ်းစာအားဖြင့်ကောင်းကြီးခံစားဖို့ရန် သမ္မာကျမ်းစာ ၏သွန်သင်ချက်များကို လိုက်နာရန် လိုအပ်သည်ကို ကျွန်ုပ်တို့ အတော်များများ လစ်လျူရှုတတ်ကြသည်။ သင်၏ကိုယ်ပိုင် ယုံကြည်ချက် နှင့် ခံယူချက်ကို အခြေပြုပြီး သွားလာ၊ ဆက်ဆံ၊ ပြုမှုခြင်း အသက်ရှင်ခြင်းသည် သင်၏ ကိုယ်ပိုင် ယုံကြည်ချက် နှင့် ခံယူချက်များသည် အမှန်ကန်ဆုံးဖြစ်သည်ဟု သင်ထင်သောကြောင့်ဖြစ်သည်။…

ဖခင်၏မျက်လုံးများ

မိခင်ဖြစ်သူသည် သူအလွန်ငယ်ရွယ်ခဲ့စဥ်တွင်ဆုံးပါးသွားခဲ့ သဖြင့် ဂျိုနသန် သည် ဖခင်နှင့်အတူ ကြီးပြင်းလာခဲ့သည်။ အိမ်ထောင်ရှင်မ မရှိသော သားအဖ နှစ်ယောက်၏ မိသားစုဘဝတွင် သူတို့၏ လူမှုဆက်ဆံရေး ပုံစံသည် အလွန်ငြိမ်းချမ်းခဲ့သည်၊ မည်သည့် သားအဖ ကြားတွင်ပင် မတွေ့ နိုင်သော တစ်ယောက်ကို တစ်ယောက် ချစ်ခြင်း၊ ဂရုစိုက်ခြင်း၊ လေးစားခြင်း၊ ဖေးမခြင်း၊ တွယ်တာခြင်း တို့ကို တွေ့ရှိနိုင်သည်။…

အချစ် သို့မဟုတ်ချစ်ခြင်းတရား

ဗီယက်နမ်စစ်ပွဲမှ အမေရိကန်နိုင်ငံသို့ ပြန်လာမည့် အမေရိကန်စစ်သားတစ်ယောက်က ဆန်ဖရန်စ္စကို တွင်နေထိုင်သော မိဘများကိုဖုန်းဆက်စကားပြောသည်။ “သားပြန်လာခဲ့မယ်… သားရဲ့သူငယ်ချင်း တစ်ယောက်ကို အိမ်ခေါ်လာခဲ့မယ်နော်...ကျေးဇူးပြုပြီး ခွင့်ပြုပါ” “ပြဿနာမရှိပါဘူး သားရယ် ခေါ်လာခဲ့ပါ” “ဒါပေမဲ့ သားတစ်ခုတော့ ကြိုပြောချင်တယ် . . .သားသူငယ်ချင်းက မိုင်းနင်းမိလို့ ညာဖက်ခြေ နဲ့ ညာဖက် လက် ဖြတ်လိုက်ရတယ် . . .…

စိုးရိမ်ပူပန်နေပါသလား?

ကျွန်ုပ်တို့လူသားများသည် လိုအပ်သည်ထက်ပို၍ စိုးရိမ်တတ်၊ ပူပန်နေတတ်ကြသည်ဟု ထင်မိသည်။ တကယ်တော့ လိုအပ်သည်ထက် စိုးရိမ်ခြင်း ပူပန်လွန်းခြင်းသည် ဘုရားသခင်ကို အားကိုးလောက်သော သူမဟုတ်ဟု ခံယူခြင်း၊ ယူဆခြင်း သို့မဟုတ် ထင်မြင်ခြင်း ဖြစ်သည်ကို သတိရသင့်သည်။ ဒေါသထွက်ခြင်းစိတ်ဆိုးခြင်း နှင့် စိုးရိမ်ပူပန် ခြင်းသည် လူသားတို့အတွက် ဖျက်ဆီးစွမ်းအား ကြီးသည့် အကျင့်စရိုက် ၂ မျိုးဖြစ်သည်။ မိမိ၏ မသိစိတ်တွင်…

နို့စို့သူငယ် မှ ရင့်ကျက်ခြင်းသို့

D.L. Moody သည် ၁၉ ရာစုနှစ်တွင် ဘုရားသခင် အသုံးပြုသော ဧဝံဂေလိ ဆရာနှင့် ခရစ်ယာန်ဓမ္မပညာရေးရာ အမှုတော်ဆောင် ဆရာတပါးဖြစ်ခဲ့သည်။ သူက “သမ္မာကျမ်းစာအုပ်ဟာ ကျွန်ပ်တို့ကို ဗဟုသုတရရှိဖို့ သက်သက်အတွက် ပေးထားဒါ မဟုတ်ဘူး၊ ဒါပေမဲ့ ကျွန်ုပ်တို့ရဲ့ ဘဝတွေကို ပြောင်းလဲစေဖို့ ပေးထားဒါဖြစ်တယ်” ဟု ပြောလေ့ရှိသည်။ သင်၏ စိတ်နှလုံးတံခါးကို ဖွင့်ပြီး ဘုရားသခင်၏…

ဝန်ခံလက်မှတ်ထိုးရဲပါသလား

လူထု တရားဟောပွဲ တစ်ခု၌ အမျိုးသမီးငယ် တစ်ဦး သည် နောက်ဆုံး သောည တိုင်အောင်၊ ကယ်တင်ခြင်း တရားကိုလက်မခံနိုင်ခဲ့ပေ။ နောက်ဆုံးညတရားဟော ဆရာပြန်ခါနီးမှာ သူမသည်လာ၍ “အရမ်းဝမ်းနည်းတယ်ဆရာ” ဟုပြောပြရာ ဆရာက “ဘာအခက်အခဲများ ရှိလို့လည်း” ဟုပြန်မေးပါသည်။ သူမက “ညတိုင်း ဆရာရဲ့ တရားဟောချက်များကို နားထောင်ခဲ့ပေမယ့် စိတ်ရဲ့ငြိမ်သက်ခြင်းမရရှိပါဘူး၊ မနက်ဖြန်တော့ ရမှာပါ လို့ ညတိုင်း…

ခရစ်တော်သည် မုန်တိုင်းနှင့် လှိုင်းတံပိုးတို့၏အရှင်သခင်ဖြစ်သည်။

ကျွန်ုပ်တို့အားလုံး မုန်တိုင်းထန်သော လောကဘဝ ခရီးလမ်းကြမ်းကြီးကို ဖြတ်ကူး နေကြသူများဖြစ်ကြသည်။ တနည်းအားဖြင့် ကျွန်ုပ်တို့ ကျင်လည်ရသော ဖြတ်သန်းရသော ခေတ္တခဏ နေထိုင်ရသော လောကသည် အမျိုးမျိုးသော ခက်ခဲမှုများ၊ ပြဿနာများ၊ အတားအဆီးများ နှင့်ပြည့်နှက် နေသော လောကဖြစ်သည်။ ထို့ကြောင့်  အခက်အခဲကြုံတွေ့ခြင်း၊ အတားအဆီးများကို ရင်ဆိုင်ရခြင်း၊ ဝမ်းနည်းပူဆွေးမှုများကို တွေ့ကြုံရခြင်း၊ ရောဂါဝေဒနာများကို ခံစားရခြင်း ဟူသော အနိဌါရုံများ…

နွားနို့တစ်ခွက်

တချိန်တခါတုံးက အမေရိကန် နိုင်ငံရဲ့ တောရွာကလေး တစ်ရွာမှာ Howard Kelly လို့ ခေါ်တဲ့၊ အလွန်ဆင်းရဲ တဲ့ ကလေးငယ်တစ် ယောက်ဟာ သူရဲ့ကျောင်းစရိတ် အတွက် အိမ်သုံးပစ္စည်းကလေး တွေကို တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်ရောင်းပြီး ခက်ခက်ခဲခဲ အသက်ရှင် နေထိုင်ခဲ့ရတယ်။ တစ်ရက် နေပူကျဲတဲမှာ ပစ္စည်းရောင်းရင်း အလွန်ဗိုက်ဆာလာတယ်။ ဘောင်းဘီအိပ်ကပ်ထဲ လက်နှိုက်ရှာကြည့် လိုက်တော့၊…

အသွေးတော်အားဖြင့် ရရှိသော ပို့ဆောင်ကောင်းကြီးပေးခြင်း နှင့် ကွယ်ကာစောင့်ရှောက်ခြင်း ဆုကျေးဇူးများ

ယနေ့ အသင်းတော် အတော်များများသည် ခရစ်တော်၏ အသွေးတော်အား အပြစ်များမှ ခွင့်လွှတ်ခြင်း ကို ရရှိပြီး ခွင့်လွှတ်ခြင်းအားဖြင့် တမလွန်ဘဝတွင် ထာဝရ အသက်ရရှိရန် ကယ်တင်ခြင်းရရှိကြောင်း ကို သွန်သင်ဟောပြောကြသော်လည်း အသွေးတော်အားဖြင့်  လက်ရှိ ဘဝတွင် ပို့ဆောင်ကောင်းကြီးပေးခြင်း နှင့် ကွယ်ကာစောင့်ရှောက်ခြင်း ဆုကျေးဇူးများကိုလည်း ရရှိနိုင်ကြောင်း ဟောပြောရန် အားနည်းတတ်ကြသည်။ ပို့ဆောင်ကောင်းကြီးပေးခြင်း ခရစ်တော် ကားတိုင်ပေါ်တွင် အသတ်ခံခြင်းဖြင့်…

ရှင်ပြန်ထမြောက်ခြင်းကြောင့်ရရှိသောလက်ဆောင်များ

ယေရှုခရစ်တော်၏ အခြားသော ဘုရားများနှင့် အဓိက ကွဲပြားခြားနားသည် အချက် တစ်ချက်မှာ သေလွန်ပြီး ၃ ရက်မြောက်နေ့တွင် ပြန်လည် ရှင်ပြန်ထမြောက်ခြင်းဖြစ်သည်။ သေခြင်းကို အောင်နိုင်သော သူဟူ၍ ယေရှုခရစ်တော် တပါးတည်းသာရှိသည်။ သူသည် သေခြင်းကို အောင်နိုင်သော တန်ခိုးအာဏာ ရှိသလို ထိုတန်ခိုးအာဏာများအား ကျွန်ုပ်တို့ကိုပေးနိုင်သော အခွင့်အာဏာရှိသည်။ “ခရစ်တော်သည် ထမြောက်တော်မမူလျှင်၊ သင်တို့သည် ယုံကြည်သော်လည်း အကျိုးမရှိ၊…

ကိုယ်တော်၏သိုးများ

ခရစ်တော်ကို ယုံကြည်ကြသည့် ကျွန်ုပ်တို့ယုံကြည်သူများသည် ခရစ်တော်၏ သွန်သင်ချက်အတိုင်း အသက်ရှင်မည်ဆိုလျှင် သိုးများနှင့် တူကြပါမည်။ သိုးများသည် ရန်မမူတတ်၊ အန္တရာယ်မပြုတတ်၊ မခုခံတတ် သည့်အားငယ်သော သတ္တဝါများဖြစ်ပါသည်။ ခရစ်တော်၏ သွန်သင်ချက် များကိုကြည့်လျှင် စိတ်နှလုံးဖြူစင်နှိမ့်ချရန်၊ စိတ်ညံ့သိမ်ရန်ဖြောင့်မတ် ရန်၊ သနားစုံမက်ရန်၊ ရန်တုံ့မမူရန်၊ မေတ္တာထားရန်၊ ခွင့်လွှတ်ရန်၊ သည်းခံရန် မှစ၍ ငြိမ်းချမ်းသောသဘော၊ အရှုံးခံ၊ အနာခံသောသဘောများသာ ရှိသည်ကို…