သမ္မာကျမ်းစာမှပုဂ္ဂိုလ်များ (ဒံယေလ)

သူ့ အသက်တာ၏ အထင်ရှားဆုံး ညတွင် လူသားစား ခြင်္သေ့ များနှင့် အတူ ပိတ်လှောင် ထားခြင်းခံရသော သူဖြစ်သည်။ ထိုည သူ၏ အသက် သည် (၈၀) ဝန်းကျင်ခန့်ရှိမည် ဟု ခန့်မှန်းရပြီး၊ သူ့ဘဝ၏ နောက်ဆုံးည ဖြစ်မည်ဟု သူကိုယ်တိုင် ထင်ကောင်းထင်ခဲ့မိပေလိမ့်မည်။ သူ့ကို ရင်းနှီးချစ်ခင်သော သူ့၏မိတ်ဆွေ ဘုရင်ကြီးသည်လည်း ထိုနည်း၎င်းခံစားရ မည်မှာ မြေကြီးလတ်ခတ်မလွဲပင်။…

တောင်ပေါ်တရားတော်၏နောက်ခံ (၃)

By Rev. Dr. Simon Pau Khan En (ဂ) တစ်ချို့သောပုဂ္ဂိုလ်များကမူ ဤကဲ့သို့ အတင်းစေခိုင်းခြင်းမှာ သူ လောကသို့ အမြန်ဆင်းကြွ လာမည်ဟုယူဆပြီး၊ တဒင်္ဂအတွက် သာ ဖြစ်သောကြောင့် မကြွဆင်းမှီ ခဏတဖြုတ်အတွင်း ကျင့်သုံးရန် သွန်သင်ထားခြင်းဖြစ်သည်ဟု ခံယူကြသည်။ ယေရှုသည် (၁၀)နှစ် ကာလအတွင်း၌  ပြန်လည် ကြွဆင်းမည် ဖြစ်၍  ခေတ္တခဏ…

တောင်ပေါ်တရားတော်၏နောက်ခံ (၂)

  ၃။ တောင်ပေါ်တရားတော်၌ ပါဝင်သောအကြောင်းအရာများ ၁။ ကျင့်ကြံရမည့်နည်းလမ်းများဖော်ပြခြင်း ဘုရားသခင်သည် လူကို ဖန်ဆင်းသောအခါ ပုံသဏ္ဍာန်တော်နှင့် အညီ ဖန်ဆင်းထားပါသည်။ ဤနေရာ၌ ဆိုလိုသည်မှာ မြင်နိုင်သော ကိုယ်ခန္ဓာကို ဖော်ပြလိုခြင်းမဟုတ်၊ “စိတ်ဝိညာဉ်” ကိုဖော်ပြ လိုခြင်းဖြစ် ပါသည်။ သို့ဖြစ်၍ ကမ္ဘာဦးမှစပြီး လူမျိုးတစ်မျိုးစီ လိုက်နာမည့် စည်းကမ်းများ အသီးသီးထားလေ့ရှိပါသည်။ သခင်ယေရှု မကြွလာမှီ အချိန်မှစပြီး၊…

တောင်ပေါ်တရားတော်၏နောက်ခံ (၁)

  ၁။ ခြုံငုံလေ့လာခြင်း။ ၆၆ အုပ်ရှိသော “သမ္မာကျမ်းစာ” အားလုံး၏ အခြေခံ ပင်ရင်းသည် သခင်ယေရှုသာလျှင်ဖြစ်သည်။ ဓမ္မဟောင်းမှ ဦးတည်ရေးသားသည်မှာ ယေရှုဖြစ်ပြီး၊ ဓမ္မသစ်ကျမ်း  ပေါ်ပေါက်ခြင်း သည်လည်း ယေရှုကြောင့်သာလျှင်ဖြစ်သည်။ သို့ဖြစ်၍ ခစ်ယာန်ဘာသာနှင့် သခင်ယေရှု၏ အလိုတော်သိရှိနိုင်ရန် သမ္မာကျမ်းစာမှ သခင်ယေရှု၏ သွန်သင်သော အချက်များ ပြည့်စုံစွာသိရှိဖို့ရန် အရင်ဦးဆုံးလိုအပ်ပါသည်။ ဓမ္မသစ်ကျမ်းမှ သခင်ယေရှု၏ မိန့်မှာချက်များကို…

ဘုရားသခင္ရွိသလား ?

ဘုရားသခင်ရှိပါသလား၊ ဤငြင်းခုံမူသည် အာရုံစူးစိုက်ရန်အတွက် စိတ်ဝင်စားဖွယ်ကောင်းသော မေးခွန်းတစ်ခု ဖြစ်ပါသည်။ နောက်ဆုံးရရှိသော သတင်းသည်ယနေ့ကမ္ဘာပေါ်တွင်ရှိသော ၉၀%က ဘုရားသခင်ရှိကြောင်း (သို့) သူသည် သာလွန်သောတန်ခိုးရှိကြောင်းကို ယုံကြည်ကြသည်။ တစ်ဖက်တွင် ဘုရားသခင်ရှိသည်ဟုယုံကြည်သောသူတို့သည် သူအမှန်တယ်ရှိကြောင်းကို သက်သေပြရန် လိုအပ်ပေသည်။ ကောင်းမွန်စွာ သက်သေမပြနိုင်လျှင် အတွေးအခေါ်သက် သက်ပဲဖြစ်ပါလိမ့်မည်။ Continue reading "ဘုရားသခင်ရှိသလား ?"

စစ်မှန်သော ကျမ်းစာလေ့လာခြင်း

သမ္မာကျမ်းစာ၏အနက်အဓိပ္ပါယ်ကို သိရှိခြင်းသည် ယုံကြည်သူ တစ်ဦး၏ အသက်တာတွင် အရေးကြီးသော လုပ်ဆောင်ချက် တစ်ခုဖြစ်သည်။ သမ္မာကျမ်းကို ရိုးရိုး သာမန်ဖြင့် ဖတ်ရှုရမည်ဟု ဘုရားသခင်က မပြောပေ။ ကျွန်ုပ်တို့သည် သမ္မာကျမ်းစာကို လေ့လာ၍ မှန်ကန်စွာ ဆုတ်ကိုင်ထားရမည် (၂တိ ၂း၁၅)။ နှုတ်ကပတ်တော် လေ့လာခြင်းသည် ခက်ခဲသော လုပ်ငန်းတစ်ခုဖြစ်သည်။ အလျင်တဆော ကျမ်းစာ လေ့လာခြင်းတွင် မှားယွင်းမှု များစွာ…

သုံးပါးတစ်ဆူဖြစ်တော်မူသောဘုရားသခင် The Trinity of God

က။ အခြေပြုမှတ်တမ်းတင်သည့်အချက် (The Statement of Doctrine) ဘုရားသခင်သည် တစ်ဆူတည်းဖြစ်သော်ငြားလည်း ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ၀ိညာဉ်တော် တည်းဟူသော ပုဂ္ဂိုလ်သုံးပါးအနေဖြင့် ထင်ရှားဖော်ပြ နေပါသည်။ ပုဂ္ဂိုလ်သုံးပါး ဟုဆိုရာ၌ ကျွန်ုပ်တို့ လူသားတို့ နားလည်သော ပုဂ္ဂိုလ်သုံးဦး၊ သုံးယောက်ကို ဆိုလိုခြင်း မဟုတ်ပေ။ သုံးပါးအနေဖြင့် ထင်ရှားဖော်ပြခြင်းဖြစ်ပြီး တစ်ဆူတည်းသာ ဖြစ်သည်။ Continue…

သခင်ယေရှုခရစ်တော်သည်မည်သူနည်း?

သခင်ယေရှုခရစ်တော်သည်မည်သူနည်း။ “ဘုရားသခင်တည်ရှိသလား” ဟူသော မေးခွန်းနှင့် မတူပေ။ သခင်ယေရှုခရစ်တော်သည် တည်ရှိသလောဟူသော မေးခွန်းကို လူအနည်းငယ်ကသာ မေးမြန်းတတ်ကြသည်။ လွန်ခဲ့ သော နှစ်ပေါင်း ၂၀၀၀ ခန့်တွင် ဣသရေလလူမျိုးများကြားထဲတွင် သခင်ယေရှုသည် ဤလောက၌ စစ်မှန်သော လူသားတစ်ဦး အဖြစ် အသက်ရှင်ခဲ့သည်ကို ငြင်းဆိုဖွယ်ရာမရှိပေ။ သခင်ယေရှု၏  ဖြစ်ခြင်း အကြောင်း ကို ဆွေးနွေးတိုင်ပင်သည့်အခါတိုင်းတွင် ငြင်းခုံမှုများ ရှိတတ်ကြသည်။…

ဆုတောင်းခြင်းအကြောင်း (မဿဲ ၆း၅-၁၅) အပိုင်း (၃)

သူတစ်ပါးသည် ကျွန်ုပ်တို့ကို ပြစ်မှားသောအပြစ်များကို အကျွန်ုပ်တို့သည်လွှတ်သကဲ့သို့ အကျွန်ုပ်တို့၏အပြစ်များ ကိုလွှတ်တော်မူပါ။ ပုထုဇဉ် လူသားများအသက်ရှင်ရာ၌ ငြိမ်သက် ပျော်ရွှင်မှု ရရှိရန် အတွက် ဝလင်စွာ စားရရုံသာမဟုတ်ပဲ အချင်းချင်း ဆက်သွယ်မှု ပြေလည်မှ အသက်ရှင်ခြင်းသည် အဓိပ္ပါယ်ရှိပါသည်။ ကမ္ဘာ၌ ဝလင်စွာစားသုံးနိုင်သော ထိပ်ဆုံးနိုင်ငံမှာ ဆွီဒင် နိုင်ငံဖြစ်သလို လူသတ်မှုအများဆုံးနိုင်ငံမှာလည်း ယင်းနိုင်ငံပင်ဖြစ်သည်ဟု ဆိုပါသည်။ ထမင်းဝလင်စွာ စားရရုံနှင့် လူ၏…

ရှင်ယောဟန်ခရစ်ဝင်ကျမ်း

Myanmar Christian Literature Group မှ ဘာသာပြန်ထုတ်ဝေသော "ဓမ္မသစ်ကျမ်း - မိတ်ဆက်ခြင်း" စာအုပ်မှ ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို တင်ပြထားပါသည်။ http://issuu.com/thawngno/docs/nt_introduction_john?mode=a_p&wmode=0

ဆုတောင်းခြင်းအကြောင်း (မဿဲ ၆း၅-၁၅) အပိုင်း (၂)

PDF Readers Click here မြေကြီးပေါ်၌လည်း အလိုတော်ပြည့်စုံပါစေသော် ယုဒလူမျိုးများ၏ စာရေးနည်း ဟန်ဖြင့် ဖေါ်ပြပြီးသော အချက်အပေါ်ပြန်ဆိုခြင်းသာဖြစ်ပြီး “နိုင်ငံတော် တည်ထောင်ပါစေသော” အကြောင်းအရာနှင့် မထူးမခြား အတူတူပင်ဖြစ်သည်။ ဘုရားသခင်၏ နိုင်ငံတော်သည် ဤကမ္ဘာ၌ လူသားများက တည်ထောင်မှဖြစ်နိုင်မည်သာ။ ဤသို့ဆိုသော် လူသားများသည် လက်ပိုက်ပြီးနေရန် ဆိုလိုခြင်းမဟုတ်ပါ။ ငါ၏လုပ်ဆောင်ချက်ဖြင့် ဤကမ္ဘာ၌ အဘယ်အရာမျှ  ဖြစ်ပေါ်လာမည်မဟုတ်၊ ဖြစ်ချင်တာဖြစ်ပါေစေ…

ဆုတောင်းခြင်းအကြောင်း ( မဿဲ ၆း၅-၁၅ ) အပိုင်း (၁)

PDF Readers click here ဆုတောင်းခြင်းနှင့်ပတ်သက်၍ သခင်ယေရှု ဝမ်းနည်းခြင်းအကြောင်းတစ်ရပ်မှာ ဘုရားသခင်က လူ့အလိုကို လိုက်စေလိုခြင်းအကြောင်းဖြစ်သည်။ အခြားဘာသာ ဝင်များသည် ဘုရားသခင်အားသူတို့အလိုကို လိုက်စေရန် သွေးဆောင်၊ ဆွဲဆောင်၊ ခြိမ်းခြောက်တတ်သည်။ ဤကဲ့သို့ လုပ်နိုင်ပါက ဘုရားသခင်သည် လူတို့၏ အလိုအတိုင်း လိုက်လျှောက်သည်ဟုယုံသည်။ သို့ရာတွင် ခရစ်ယာန်များ ကိုးကွယ်သော ဘုရားသခင်သည် လူ့အလိုကို လိုက်လျှောက်တော်မမူ၊ ဤကဲ့သို့…

နှုတ်ကပတ်တော် လောက၏အသက်

နှုတ်ကပတ်တော်ဆိုသည့် မြန်မာစကားလုံးကို အင်္ဂလိပ်ဘာသာ Word မှဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။ Word ဆိုသည့် အင်္ဂလိပ်စကားလုံးသည်လည်း ဂရိဘာသာ Logos မှ ဘာသာပြန်ဆို သုံးနှုန်းခြင်းဖြစ်ပါသည်။ Logos ဆိုသည့် စကားလုံးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ဘုရားသခင်၏ ဖြစ်ခြင်းကို ဖော်ပြရာတွင် သုံးနှုန်းသောစကားလုံး ဖြစ်ပါသည်။ သမ္မာကျမ်းစာတွင် နှုတ်ကပတ်တော်ကို လောက၏အလင်း၊ လောက၏ အသက်ဟူ၍ ဖော်ညွန်းလျက် သုံးနှုန်းထားပါသည်။…

ငါတို့သည် ထ၍တည်ကြည်ကြကုန်အံ့

ငါတို့သည် ထ၍တည်ကြည်ကြကုန်အံ့ လို့ပြောတဲ့အခါ နေဟမိ ဆိုတဲ့ဂျူးလူမျိုးတစ်ယောက်က ယုဒ လူတို့ကို စည်းရုံးဦးဆောင်ပြီး ယေရုရှလင် မြို့ရိုးကိုပြန်လည်တည်ဆောက်တဲ့အကြောင်းကို ပြောမှာဘဲဆိုတာ ခရစ်ယာန် များသိပြီးဖြစ်လိမ့်မယ်လို့ယုံကြည်ပါတယ်။ ဓမ္မသဘောအရ တည်ဆောက်ခြင်းဆိုတာ အဆောက်အဦးတစ်ခုကို တည်ဆောက်ခြင်းကို ဆိုလိုသလို၊ ဘုရားသခင်၏နိုင်ငံတော်ကိုတည်ဆောက်ခြင်း၊ အသင်းတော်ကို တည်ဆောက်ခြင်း၊ မိမိတို့၏၀ိညာဉ်ရေးအသက်တာကိုတည်ဆောက်ခြင်း စသည်တို့ကိုလည်းဆိုလိုပါတယ်။ ဒါကြောင့် နေဟမိက ယေရုရှလင်မြို့ရိုးကို တည်ဆောက်ခဲ့တာကို စဉ်းစားဆင်ခြင်ပြီး နိုင်ငံတော်၊ အသင်းတော်…

သမ္မာကျမ်းစာသည်ကျွန်တော်တို့ ဘ၀အတွက် မည်သို့အရေးပါသနည်း

"သမ္မာကျမ်းစာမှရရှိသော အသိဥာဏ်ပညာသည် ကောလိပ်ကျောင်းမှ သင်ယူရရှိသော ပညာရေးထက် ပို၍တန်ဖိုးရှိသည်" (Theodore Roosevelt, အမေရိကန် သမတ္တဟောင်း) မိတ်ဆွေရဲ့ဘ၀မှာ ချစ်ခြင်း၊ နာကျဉ်ခြင်း၊ အပြစ်ရှိခြင်း၊ အထီးကျန်ခြင်း၊ အောင်မြင်ခြင်း တို့နဲ့ပါတ်သက်ပြီး မေးခွန်းပေါင်းများစွာကို ရင်ဆိုင်ရပါသလား? ဤအရာများ အားလုံးနှင့်ပါတ်သက်ပြီး သမ္မာကျမ်းစာမှာ အဖြေရှိပါတယ်။ သမ္မာကျမ်းစာသည် အလင်းဖြစ်သည် နှုတ်ကပတ်တော်သည် အကျွန်ုပ်ခြေရှေ့မှာ မီးခွက်ဖြစ် ၍ အကျွန်ုပ်လမ်းခရီးကို…

ပေးလှူခြင်းအကြောင်း

လူများတို့မြင်စေခြင်းငှါ ကိုယ်သီလအကျင့်ကို သူ့ရှေ့မှောက်၌မကျင့်မည်အကြောင်း သတိပြုကြလော့။ သို့မဟုတ်ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘထံမှ အကျိုးကိုမခံမရကြ။ ထို့ကြောင့် သင်သည်အလှူဒါန ကိုပေးသောအခါ လျှို့ဝှက်သောသူတို့သည် လူအများအချီးအမွမ်းကိုခံလို၍ ပွဲသဘင်လမ်းခရီး၌ မိမိတို့ရှေ့မှာ တံပိုးခရာမှုတ်စေသည်နည်းတူမပြုနှင့်။ ငါအမှန်ဆိုသည်ကား၊ ထိုသူတို့သည်မိမိတို့အကျိုးကိုရကြပြီ။ သင်သည် အလှူဒါနကိုပေးသော အခါ ပေးကြောင်းကိုမထင်ရှားစေခြင်းငှါ၊ လက်ျာလက်ပြုသည်အမှုကို လက်ဝဲလက်မျှမသိစေနှင့်။ မထင်ရှားသောအရာကို မြင်တော်မူသော သင်၏အဘသည် အကျိုးကိုထင်ရှားစွာပေးတော်မူလတံ့။ (မဿဲ ၆း ၁-၄)…

လက်တုန့်ပြန်ခြင်း (ဂလဲ့စားချေခြင်း) ၃

မောရှေ၏ပညတ်၌ “မိတ်ဆွေများကိုချစ်ပြီး၊ ရန်သူများကို မုန်းပါဟုဆိုသည်။ သခင်ယေရှုကမူ သင်၏ရန်သူကိုတို့ကို ချစ်ကြလော့” ဟုဆိုသည် (၀တ် ၁၉း၁၆-၁၈။ မ ၅း၄၄)။ ဤစေခိုင်းချက်သည် တကယ်ဆောင်ရွက်နိုင်ပါမည်လော။ တစ်ခါက ခရစ်ယာန်ဆရာဝန်တစ်ယောက်က သင်းအုပ်ဆရာထံသွားပြီး “ဆရာ . . . ရန်သူတို့ကို ချစ်လော့” ဆိုသည့် ကျမ်းပိုဒ်ကို ထုတ်ပစ်မှကောင်းမည်။ အဘယ်ကြောင့်ဆိုသော် အိမ်နီးနား ချင်းကိုပင်လျှင် မချစ်နိုင်ပါဟု…

လက်တုန့်ပြန်ခြင်း (ဂလဲ့စားချေခြင်း) ၂

 ၂။ တရားစွဲဆိုခြင်း(မဿဲ ၅း ၄၀) သင့်အင်္ကျီကိုယူလို၍ တရားတွေ့သောသူအား သင့်ဝတ်လုံကိုလည်း ယူစေခြင်းငှာအခွင့်ပေးဦးလော့။ ဤကျမ်းစာကို အတိအကျလိုက်နာပါက လူသားများသည် အ၀တ်အစားမပါပဲနေဖို့ရန်သာ ရှိပါသည်။ သို့တိုင်အောင် သခင်ယေရှုသည် ဤကဲ့သို့တစ်ဝေမတိမ်း လိုက်လျှောက်ရန် ပညတ်ထားခြင်းမဟုတ်ပဲ၊ ဖြစ်သင့်သော စိတ်နေသဘောထားကို ဖွင့်ပြခြင်းဖြစ်သည်။ ယုဒထုံးစံအရ အင်္ကျီကို အကြွေးအစား ယူပိုင်ခွင့်ရှိသော်လည်း ၀တ်လုံမူကား မည်သည့် အကြောင်းအရာမျိုးတွင်မဆို ယူပိုင်ခွင့်…

လက်တုန့်ပြန်ခြင်း(ဂလဲ့စားချေခြင်း) ၁

သူ့မျက်စိကိုဖျက်လျှင် ကိုယ်မျက်စိဖျက်ခြင်းကိုခံစေ။ သူ့သွားကိုချိုးလျှင် ကိုယ်သွားချိုးခြင်းကိုခံစေ ဟူသောပညတ်စကားကို သင်တို့ကြားရပြီ။ ငါပညတ်သည်ကား၊ နှောင့်ရှက်သောသူကို မဆီးမတားနှင့်။ သင်၏ ပါးတဘက်ကို သူတပါးပုတ်လျှင်၊ ပါးတဘက်ကိုလှည့်၍ပေးဦးလော့။ သင့်အင်္ကျီကိုယူလို၍ တရားတွေ့သောသူ  အားသင့်ဝတ်လုံကိုလည်း ယူစေခြင်းငှါ အခွင့်ပေးဦးလော့။ အကြင်သူသည် သင့်ကိုအနိုင်ပြု၍ ခရီးတတိုင်သွားစေ၏၊ ထိုသူနှင့်တကွ နှစ်တိုင်သွားဦးလော့။ တောင်းသောသူအားပေးလော့။ ချေးငှါးလိုသောသူကိုလည်း မငြင်းမပယ်နှင့် (မဿဲ ၅း ၃၈…

ပေါလုနှင့်ရောမလက်အောက်ခံရှိအသင်းတော်များ

Christian Literature Centre (CLC) မှထုတ်ဝေသော အသင်းတော်သမိုင်းစာအုပ်မှ အခန်း (၅) (ပေါလုနှင့်ရောမလက်အောက်ခံရှိအသင်းတော်များ) ကိုထပ်ဆင့်တင်ပြထားပါသည်။ Paul and Churches of Roman http://d1.scribdassets.com/ScribdViewer.swf?document_id=43899719&access_key=key-2bs3wd5tfoxvud6i1zbh&page=1&viewMode=list

ရှင်မဿဲခရစ်ဝင်ကျမ်းနှင့်မိတ်ဆက်ခြင်း

Myanmar Christian Literature group မှဘာသာပြန်ထုတ်ဝေသော ဓမ္မသစ်ကျမ်းမိတ်ဆက်ခြင်းစာအုပ်မှ ရှင်မဿဲခရစ်ဝင်ကျမ်းကိုထပ်ဆင့်တင်ပြပါသည်။ Explaination of Matthew in Burmese http://d1.scribdassets.com/ScribdViewer.swf?document_id=43750718&access_key=key-lnml2sqb7wpwkb13ufa&page=1&viewMode=list

ကျိန်ဆိုခြင်း (Rev. Dr. Simon Pau Khan En)

မောရှေသည် မဟုတ်မမှန်ဘဲ ကျိန်ဆိုခြင်းကို တားမြစ်၍ သခင်ယေရှုကမူ မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ ကျိန်ဆိုခြင်းကိုတားမြစ်သည်။ အရှေ့တိုင်းနိုင်ငံများနည်းတူ ယုဒလူမျိုးများသည် ကျိန်ဆိုခြင်းကို မကြခဏပြုလေ့ရှိသည်။ ကျိန်ဆိုရာ၌ တစ်ချို့ပြည့်စုံသလို တစ်ချို့ပြည့်စုံခြင်းမရှိဟုဆိုနိုင်သည် (မ ၂၃း၁၆-၂၂)။ ဘုရားသခင်နှင့် ကျိန်ဆိုခြင်းသည် မြေကြီးလက်ခတ်မလွဲ မှန်နေသည်။ ယေရှုကမူ မည်သို့သော ကျိန်ဆိုခြင်းမျိုးမဆို ကောင်းသောအရာမဟုတ်၍ အသုံးမပြုစေလိုပါ။ ဘုရားသခင်၏ နာမတော်နှင့် ကျိန်ဆိုသောအခါ ဘုရားသခင်သည်…

ပထမဦးဆုံးသော တပည့်တော်စု၏ မိတ်ဿဟာယဖွဲ့ခြင်း

အသင်းတော်သမိုင်းစာအုပ်မှ ပထမဦးဆုံးသော အသင်းတော်မှယုံကြည်သူအသင်းသားများအကြောင်း ကိုထပ်ဆင့်တင်ပြပါသည်။ Church History 1 http://d1.scribdassets.com/ScribdViewer.swf?document_id=42485149&access_key=key-fjay7xn0fn9j9jn7zoq&page=1&viewMode=list

တောင်ပေါ်တရားတော်

Rev. Dr. Simon Pau Khan En ရေးသားပြီး Myanmar Baptist Convention မှပုံနှိပ်ထုတ်ဝေသော တောင်ပေါ်တရားတော် (Sermon on the Mountain)စာအုပ်မှအခန်း (၁)ကိုကောက်နုတ်တင်ပြထားပါသည်။ Sermon on the Mountain http://d1.scribdassets.com/ScribdViewer.swf?document_id=40998913&access_key=key-e22rmv49x9znkv19zke&page=1&viewMode=list

သမ္မာကျမ်းစာအုပ်အကြောင်း (၄)

သခင်ယေရှုချီဆောင်ခြင်းခံရသည့် နောက်ပိုင်းအဖြစ်အပျက်များကို လေ့လာခြင်း သခင်ယေရှု ကောင်းကင်သို့ချီဆောင်ခြင်းခံရပြီးနောက်ပိုင်းတွင် ခရစ်ယာန်ဘာသာသည် အရှေ့အလယ်ပိုင်းအရပ်ဒေသမှတဆင့် အာရှမိုင်းနားနှင့်ဥရောပတခွင်လုံးသို့ ပြန့်နံှ့သွားသည်။ ပေါလု ဆိုသူသည် ခရစ်တော်၏နောက်လိုက်ယုံကြည်သူခရစ်ယာန်ဘာသာဝင်များကို လိုက်လံ ညှင်းပန်းနှိပ်စက်သတ်ဖြတ်သူ တစ်ယောက်ဖြစ်သည်။သူသည် ယခုခေတ်ဆီးရီးယားနိုင်ငံ ၏မြို့တော်ဖြစ်သော ဒမတ်စကတ် မြို့သို့ခရစ်ယာန်ဘာသာဝင်များကိုညှင်းပန်းနှိပ်စက်ရန်အသွား၊လမ်းခုလတ်တွင် လွန်ခဲ့သည့်နှစ်အနည်းခန့်ကသေခြင်းကိုအောင်မြင်ခဲ့သည်ဟု သူလုံးဝမယုံကြည် လက်မခံခဲ့သောခရစ်တော်နှင့်တွေ့ပြီး၊ ပြောင်းလဲသွားသည်။ အချိန်ကား အေဒီ ၃၅ ခုနှစ်ပတ်ဝန်းကျင်တွင်ဖြစ်သည်။ပေါလုကို အာရှမိုင်းနားတခွင်နှင့် အီတလီနိုင်ငံ ရောမမြို့အထိ…

သမ္မာကျမ်းစာအုပ်အကြောင်း (၃)

ဓမ္မသစ်ကျမ်းစာခေတ်မှအဖြစ်အပျက်များကိုလေ့လာခြင်း (၁)ခရစ်တော်မွေးဖွါးသည့်ဓမ္မသစ်ကျမ်း စာခေတ်မတိုင်ခင်နှစ်ပေါင်း ၃ဝဝ ခန့်ကို ပြန်ကြည့်မည်ဆိုပါက တိုင်းတပါးလူမျိုးခြားတို့၏ ကျုးကျော်သိမ်းပိုက်မှုကိုဆက်တိုက်ခံရသည်။ ဂရိတို့၏လက်အောက်ခံဘဝတွင်ဆိုလျှင်ဂရိယဉ်ကျေးမှု နှင့်ထုံးတမ်းစဉ်လာစာပေတို့ကို အတင်းအဓမ္မသွတ်သွင်းခြင်းကိုခံရသည်။ ထို့ကြောင့်ခရစ်တော်မွေးဖွါး သည့်အချိန်တွင် အစ္စရေးလ်လူမျိုးတို့သည် လွတ်လပ်ရေးကိုအလွန်လိုချင်တမ်းတနေသည့်အချိန်ဖြစ်သည်။ ဤကဲ့သို့သော နိုင်ငံရေးအခြေအနေတွင်ခရစ်တော်မွေးဖွါးလာသဖြင့် ခရစ်တော်၏နောက်လိုက်တမန်တော် ယုဒရှကာရုတ်မှအစ ဂျုးလူမျိုးအတော်များများသည် ခရစ်တော်အားဝိညာဉ်ရေးရာကယ်တင်ပိုင်ရှင် အဖြစ်ထက် အစ္စရေးလ်နိုင်ငံအား တိုင်းတပါး တို့လက်အောက်မှ လွတ်လပ်ရေးရအောင် ခေါင်းဆောင် တိုက်ခိုက်ပေးမည့်သူရဲကောင်း၊ နိုင်ငံရေးခေါင်းဆောင်ကြီးဟု ထင်မြင်ခံယူခဲ့ကြသည်။…

သမ္မာကျမ်းစာအုပ်အကြောင်း (၂)

ဓမ္မဟောင်းကျမ်းမှအဖြစ်အပျက်များကိုလေ့လာခြင်း။ အစအဦး၌ဘုရားသခင်သည်ကောင်းကင်၊ မြေကြီးနှင့်အရာခပ်သိမ်း တို့ကိုဖန်ဆင်းတော်မူပြီး ပထမဦးဆုံးသော လူသားဖြစ်သည့်အာဒံနှင့်ဧဝတို့ကိုလည်း ဖန်ဆင်းတော်မူ၏။ အာဒံ နှင့် ဧဝ သည် ဧဒင်ဥယျဉ်ထဲတွင် ပျော်ရွင်စွာ နေထိုင်ခဲ့ကြသော်လည်းစာတန်၏လှည့်ဖျားမှုကြောင့် ဘုရားသခင်ကမစားရဟုတားမြစ်ထားသော အသီးကိုစားခြင်းအားဖြင့် လူသားအားလုံး အပြစ်နွံထဲသို့ ကျရောက်သွားခဲ့ကြသည်။ အပြစ်များလွန်းသောကြောင့်ရေဖြင့်ဆေးကြောရန်အတွက် တကမ္ဘာလုံး ရေလွမ်းစေခဲ့သည်။ ဘုရားကိုချစ်သော နောဧနှင့်မိသားစုသာ ရေဘေးမှလွတ်မြောက်ခဲ့သည်။ (Babel) မျှော်စင်ကိုတည်ဆောက်ပြီး ဘုရားသခင်ကိုအမှီပြိုင်ဆိုင်ရန် ကြိုးစားလာကြသော လူသားများကိုဘာသာစကား…