ယုံကြည်သူတို့အတွက်ခွန်အား

ကျွန်ုပ်တို့သည် ခရစ်တော်ကို ယုံကြည် သူများ ဖြစ်ကြပေမဲ့ တခါတလေ ဘဝမှာ စိတ်ဓါတ်ကျဆင်း စရာများကို ကြုံတွေ့ရတတ်ပါသည်။ တကယ်တော့ ယုံကြည်သူ၊ ကယ်တင်ခြင်းစိတ်ချမှု ကို ရရှိပြီးတာနှင့် တခါထဲ လောကဓံ ရဲ့ တိုက်ခိုက်မှုတွေ ကနေ လွတ်ကင်း သွားတာ မဟုတ်ပါဘူး။ ကယ်တင်ခြင်း စိတ်ချမှု ရပြီးပြီ ဆိုရင် ဘဝမှာ ခက်ခဲခြင်း လုံးဝ…

နှစ်ခြင်းမင်္ဂလာ BAPTISM

  သင်းအုပ်ဆရာ တဦးသည် နှစ်ခြင်းမင်္ဂလာခံယူခြင်း၏ အနက်အဓိပ္ပါယ်ကို ယုံကြည်သူ အသစ်တယောက်အား ဤ သို့ရှင်းပြခဲ့ပါသည်။ သူ့၏လက်ကို နေရောင် အောက်တွင်လှုပ်ရှားသောအခါ၊ လက်၏ အရိပ်သည် သဲသောင်ပြင်တွင် ပေါ်လာသည်။ ယုံကြည်သူအသစ် အား "သဲသောင်ပြင်မှာ အရိပ်ကိုမြင်တယ်မဟုတ်လား? ဒါက ငါ့လက်ရဲ့အရိပ် မျှသာဖြစ်ပါတယ်။ ဒီဟာ ကတော့ လက်အစစ်ပါ (လက်ကိုပြ)။ ခရစ်တော် ကိုယုံကြည် လက်ခံသောနေ့ဟာ…

ဝေမျှသက်သေခံခြင်းဖြင့်ဘုရားကောင်းကြီးခံစားရယူပါ

သူတပါးတို့ သည် ယေရှုခရစ်အဘို့အလိုငှါ ငါတို့၌ ကောင်းသောအရာ ရှိသမျှတို့ကို ဝန်ခံ (သက်သေခံ/ဝေငှ) မည်အကြောင်း ဆုတောင်း ပဌနာပြု၏။ (ဖိ ၁း၆-ခ) အကယ်၍ ကျွန်ုပ်သည် ကင်ဆာရောဂါ ကို အမြစ်ပြတ်ကုသနိုင်သော နည်းကို သိလျက်နှင့် မည်သူ့ကိုမျှ အသိမပေး မကုသခဲ့၊ မဝေမျှခဲ့ လျှင် ရာဇဝတ်မှု ကျူးလွန်သူ တစ်ယောက်နှင့် အဆင့်တူဖြစ်မည်။ အကယ်၍…

မျက်မှောက်တော်၌ ဘုရားသခင်နှင့် အချိန်ယူခြင်း

"မင်းရဲ့ ဆုတောင်းခြင်း အသက်တာ အခြေအနေ ဘယ်လိုရှိသလဲ" ဟု ဖခင်က သားကို မေးသည်။ ထက်မြက်၍ ဘုရားကျောင်း မှန်မှန်တက်သော ၁၄ နှစ် အရွယ် သားက ပခုံးတွန့်ပြရင်း “ကျွန်တော်က အဲဒီလောက် ဆုတောင်းတဲ့သူ မဟုတ်ဘူး” ဟု ဖြေသည်။” “ဘာဖြစ်လို့လဲ” “ကျွန်တော် ဘာမှ မလိုအပ်လို့လေ” ဆယ်ကျော်သက်လူငယ်လေး၏ ရိုးသားသောအဖြေက "လိုအပ်မှုတစ်စုံတစ်ရာမရှိလျှင် ကျွန်ုပ်တို့ဆုမတောင်းကြောင်း” ကျွန်ုပ်တို့ နှုတ်မှ…

အကောင်းဆုံးသောလက်ဆောင်

ကယ်တင်ခြင်းကို ဘယ်လိုရနိုင်မလဲဟု လမ်းမကြီးများအပေါ်တွင် သွားလာနေကြသော လူများအား မေးကြည့်လျှင် အဖြေအမျိုးမျိုး ရမည်ဟုထင်ပါသည်။ “အကောင်းဆုံးဖြစ်အောင် နေထိုင်သက်ရှင်ရမယ်” “ကောင်းမှုကုသိုလ်များများ လုပ်ရမယ်” “မိမိရဲ့ အသက်တာမှာ ဆိုးမှုထက် ကောင်းမှု များများပိုလုပ်ရမယ်” စသဖြင့် ….. တကယ်တော့… နိဗ္ဗန်ကိုရောက်ဖို့ လိုတဲ့ ကယ်တင်ခြင်းဆိုဒါ ဘုရားပေးတဲ့ လက်ဆောင်ဖြစ်တယ်။ ဘုရားပေးတဲ့ လုပ်ခ၊ သို့မဟုတ် လုပ်အားခ မဟုတ်ပါဘူး။…

လွတ်ပြီ၊ ကျွတ်ပြီ။ FREE! FREE!

ဒုတိယကမ္ဘာစစ်တွင်၊ ဂျပန်စစ်တပ်သည် တရုတ်ပြည်ရှိမြို့များကို တခုပြီးတခု သိမ်းပိုက်ခဲ့ရာ၊ မဟာမိတ်ဘက်မှလူများသည် S. S. Nankin သင်္ဘောဖြင့် ထွက်ပြေးတိမ်းရှောင်ကြပါသည်။ အိန္ဒိယသမုဒ္ဒရာထဲရောက်သောအခါ၊ ဂျပန်လေတပ်မှယင်းသင်္ဘောကိုဖမ်းပြီး၊ ဂျပန်ပြည် Fukushima စစ်သုံ့ပန်းစခန်းသို့ ခေါ်သွားကာ ဂျပန်အကျဉ်းသားဘဝသို့ရောက်သွားကြပါသည်။ စာတန်သည်၊ ဧဒင်ဥယာဉ်၌ ဘုရားစကားကိုနားမထောင်သည့် လူအာဒံကိုဖမ်းဆီးသောကြောင့်၊ လူသားမျိုးနွယ်စုအားလုံး၊ နားမထောင်အချုပ်ထဲရောက်ရှိသွားကြပါသည်။ ထိုအကျဉ်းသားများတွင်၊ လူမျိုးပေါင်းစုံ၊ လုပ်ငန်းပေါင်းစုံ၊ ရာထူးအဆင့်ပေါင်းစုံ၊ ဘာသာတရားပေါင်းစုံ၊ အသက်အရွယ်ပေါင်းစုံ၊ ပညာအဆင့်အတန်းပေါင်းစုံ၊…

ဆယ်ဘို့တဘို့ပေးခြင်းအားဖြင့်ကိုးကွယ်ခြင်း

ကျွန်တော် သည် ငယ်ရွယ်စဥ်ကလေးဘဝတွင် မိဘများကို တန်ဖိုးကြီးကြီးမားမား မရှိလှသော လက်ဆောင် ပစ္စည်းများကို ပေးတတ်လေ့ရှိသည်။ နောင်နှစ်ပေါင်းများစွာ ကြာသောအခါ ကျွန်တော် ပေးခဲ့ဖူးသော ထိုလက်ဆောင်ပစ္စည်းများသည် မည်သို့မျှ အသုံးမဝင်သော ပစ္စည်းများ ဖြစ်နေသည်ကို ဆင်ခြင်မိသည်။ သို့သော် ထိုပစ္စည်း လက်ဆောင်များကို ပေးလိုက်သည့် အချိန်တိုင်း ကျွန်တော်၏မိဘများသည် အလွန်ဝမ်းသာ ကြသည်ကို ယနေ့တိုင်အောင် မမေ့နိုင်သေးပါ။ တရက်…

အာလက်ဇန်းဒါးဘုရင်ကြီး၏ဈာပန

By Rev. Dr. Lam Cin Thang (Principal - All Nations Theological Seminary) တကမ္ဘာလုံးကိုသိမ်းပိုက်ဘို့ရည်ရွယ်သည့် နာမည်အကျော်ကြားဆုံးစစ် ဘုရင် လေးပါး (ဟန်နီဘာလ်၊ နပိုလီယန်၊ နှင့် ဟစ်တလာ) တွင်ပါဝင်သူ မဟာအာလက်ဇန်းဒါးဘုရင် (356-323 ဘီစီ) သည် သူ၏ အသက် ၃၀ ရှိသည့် အချိန်တွင်…

ယေရှုဟာဘယ်သူလဲ?

ယေရှုဟာဘယ်သူလဲ? ဤမေးခွန်းကို မေးကြည့်လျှင် - မော်မွန်ဘာသာဝင်များက Elohim ၏ သားဦး ဖြစ်သည်ဟု အဖြေပေးမည်။ ဘုရားသခင်နှင့် မေရီတို့ ပေါင်းသင်းဆက်ဆံရာမှ ဖွါးမြင်သော သားဦးဖြစ်သည်ဟု မော်မွန်ဘာသာဝင်များက ယုံကြည်သည်။ မူဆလင်ဘာသာဝင်များက အာဗြဟံ၊ မောရှေ နှင့် ဟေရှာယ ကဲ့သို့သော ပရောဖက်ကြီးတပါးဟု ဆိုသည်။ ထို့အပြင် ယေရှု နောက် နှစ်ပါင်း ၅၀၀…

သမ္မာကျမ်းစာမှ ပုဂ္ဂိုလ်များ (ယောရှု)

သမ္မာကျမ်းစာအုပ်တွင် ယောရှု ၏ နာမည်ကို ထွက်မြောက်ရာကျမ်း ၁ရး၉ တွင် ပထမ ဆုံးအနေနှင့် တွေ့မြင်နိုင်သည်။ ဟေဗြဲ ဘာသာစကား အရ ယောရှု ဟူသော နာမည်၏ အနက် အဓိပ္ပါယ်မှာ “ကိုယ်တော် သည် ကယ်တင်ရှင် ဖြစ်သည် (The Lord is Salvation)” ဟူ၍ ဖြစ်သည်။ ဂျုးလူမျိုးများအတွက် ယနေ့…

တခါမျှအမှုမရှုံးဖူးသောကျွန်ုပ်၏ရှေ့နေ

သာယာပျော်ရွှင်ဖွယ် ကောင်းသော ဘဝ၏ နေ့ရက်များစွာ ကိုဖြတ်သန်းခဲ့ပြီး တစ်ရက်၊ ကျွန်ုပ်၏ လောကခရီးစဉ် ကို အဆုံးသတ်ခဲ့ရသည်။ ကမ္ဘာလောကကို စွန့်ခွါပြီးနောက်ပိုင်း ပထမဦးဆုံး သတိပြုမိသော အရာကား တရားရုံး တစ်ခု၏ အပြင်ဖက် နားနေခန်းတွင် မိမိ၏ အလှည့် ကိုစောင့်နေသော တရားခံ သို့မဟုတ် အမှုရင်ဆိုင်သူ တစ်ဦးအဖြစ် မိမိကိုယ်မိမိ မြင်တွေ့လိုက်ရခြင်းတည်း… ရုတ်တရက် တံခါးပွင့်လာပြီး…

စစ်မှန်သောချစ်ခြင်းတရားနှင့်ပြည့်ဝသော အသက်တာ

မေတ္တာစိတ်သည် လျှို့ဝှက်ခြင်းနှင့် ကင်းစေလော့။ ဆိုးညစ်သော အမှုကို စက်ဆုပ် ရွံရှာကြလော့။ ကောင်းမွန်သော အမှု၌ မှီဝဲဆည်းကပ်ကြလော့။ ညီအစ်ကိုချစ်ခြင်း အရာမှာ၊ ပကတိပေါက်ဘော်ကဲ့သို့ တယောက်ကို တယောက် စုံမက်ကြလော့။ ချီးမွမ်းခြင်းအရာမှာ၊ သူတပါးကို ကိုယ်ထက်ချီးမြှောက်ကြလော့။ (ရောမ ၁၂း ၉-၁၀) သင်၏အသက်တာ ထာဝရပြောင်းလဲခြင်း ရရှိလိုပါသလား…သင်၏ဘဝကို စစ်မှန်သောချစ်ခြင်းတရားဖြင့် တန်ဆာဆင်ပါ။ မည်သည့် အရာကမျှ မပြောင်းလဲစေနိုင်သော…

သမ္မာကျမ်းစာမှ ပုဂ္ဂိုလ်များ (ဟေရုဒ်မင်းကြီး)

ရှင်မဿဲ ၂း၁ တွင် ဟေရုဒ်မင်းကြီး အကြောင်းကို ဦးစွာဖော်ြပထားသည်ကို တွေ့ရသည်။ သူငယ်တော် ယေရှုကို သတ်ရန် ကျိုးစားကြံစည်သည့် သူဖြစ်ပြီး ထိုအချိန်မတိုင်ခင်တွင် သူ၏ ဇနီးသည်၊ သားအရင်း နှစ်ယောက်နှင့် ယောက္ခမ ဖြစ်သူတို့ကို လုပ်ကြံသတ်ဖြတ်ခဲ့သူ ဖြစ်သည်။ သူငယ်တော်ယေရှု ကို၎င်း မိသားစု၀င်များကို ၎င်း လုပ်ကြံရန် ကျိုးစား အားထုတ်ရခြင်း၏ အဓိကတွန်းအား (motivation)…

သခင်ယေရှုကိုငြင်းပယ်သူ လူ ၂ ယောက်အကြောင်း

ဓမ္မသစ်ကျမ်းတွင် သခင်ယေရှုကို ငြင်းပယ်သူ ဖြစ်ကြသော်လည်း ဘဝအဆုံးသတ် မတူသော လူ ၂ ယောက်ရှိသည်။ တမန်တော် ပေတရုနှင့် ယုဒရှာကရုတ် တို့ဖြစ်ကြသည်။ သူတို့ ၂ ယောက် ၏ တူညီသော အချက်များမှာ သခင်ယေရှု၏ နောက်လိုက် တမန်တော်များ ဖြစ်ခြင်း နှင့် သခင် ယေရှုကို ငြင်းပယ်ဖူးသူများ ဖြစ်ခြင်းတို့ ဖြစ်သည်။ သို့သော်…

အနှိုင်းမဲ့မေတ္တာရှင်

အချိန်ကား ၁၉၅၂ ခုနှစ်၊ အရိုးခိုက်အောင် အေးသည့် ခရစ္စမတ် အကြိုည၊ တောင်မြောက် ပြည်တွင်းစစ် ကြောင့် ကိုးရီးယား တစ်နိုင်ငံလုံး စစ်ဘေးရှောင် ဒုက္ခသည် များအဖြစ် ပြေးလွှား ပုန်းခို နေရသည့် အချိန်။ ငယ်ရွယ် နုပျိုဟန် ရှိသော နေ့စေ့ လစေ့ ကိုယ်ဝန်ဆောင် မိခင် တစ်ယောက်၊ ရုတ်တရက် ဗိုက်နာ သောကြောင့်…

ကားတိုင်ထက်ကသခင့်စကား (ရ)ခွန်း

ကျွန်တော် တက္ကသိုလ်  ကျောင်းသားဘဝတုံးက မဂ္ဂဇင်းစာစောင်တစ်ခုမှာပါရှိတဲ့ ရုပ်ပြောင်ကာတွန်းတစ်ခုကို လွန်စွာ သဘောကျခဲ့ဘူးတယ်။ ကာတွန်းထဲမှာ သေခါနီး အဖိုးအိုတစ်ဦးက သား၊ သမီး မြေး၊ မြစ်များကို “အဖိုးလည်း ရုပ်ရှင်တွေထဲလို မသေခင် စကားတွေအများကြီးမှာထားခဲ့ချင်တယ်” ဟု မျက်နှာ  ပြောင်ပြောင် ပြောနေပုံကို  ဆွဲထားရာ သေခါနီး စကားပြောဒါတောင် ရုပ်ရှင်ထဲက မင်းသားမင်းသမီးတွေလို လုပ်ပြချင်ရသေးတယ်ဟု စဉ်းစားမိပြီး ရယ်မောခဲ့ရတယ်။…

ဘုရားသင့်ကိုရှာသောအခါ

ကျွန်ုပ်သည် လွန်ခဲ့သော ၁၄ နှစ် ခန့် ကျမ်းစာကျောင်းတက်နေသည့် အချိန်တွင် တော်မီ ကိုသိကြွမ်းခွင့် ရခဲ့သည်။ သူသည် ထိုအချိန်တွင် ဘိုသီဘတ်သီ ဆံပင်ကို ဂုတ်အထိရှည်အောင် ထားပြီး လမ်းမပေါ်တွင် ဦးတည်ရာမဲ့ သွားလာတတ်သည့် လမ်းသူရဲ တစ်ယောက်နှင့် တူသည်။ ကျမ်းစာကျောင်းသားတစ်ယောက် ဟုထင်မြင်စရာပုံစံ မရှိသူ တစ်ယောက်ဖြစ်သည်။ တစ်ရက် တော်မီ ကကျွန်ုပ်ကိုမေးသည်… “တရက်တချိန်ကျရင်…ငါ…

ဖေဖေ့ကုလားထိုင်

သမီးဖြစ်သူ၏ နေထိုင် မကောင်းဖြစ်နေသော ဖခင်အတွက် လာရောက်ဆုတောင်း ပေးရန် တောင်းဆိုမှုဖြင့် သင်းအုပ်ဆရာ တစ်ယောက် ဖခင်ကြီးတစ်ယောက် ၏ အိမ်သို့ရောက်ရှိလာသည်။ အိပ်ခန်းအတွင်း ရောက်သော အခါ ဖခင်ကြီးကို ကုတင် ထက်တွင် ခေါင်းအုံး နှစ်ခုဆင့်ကာ လှဲလျောင်းလျှက် တွေ့ရသည်။ ကုတင်ဖက်ကို လှည့်၍ ထားသော ကုလားထိုင် တစ်လုံးကိုလည်း အဆင်သင့် တွေ့ရသည်။ သင်းအုပ်ဆရာ…

ထာဝရပန်းတိုင်

“ယေရှုကလည်း၊ ငါသည် ထမြောက်ခြင်းအကြောင်း၊ အသက်ရှင်ခြင်းအကြောင်းဖြစ်၏။ ငါ့ကို ယုံကြည် သောသူသည် သေလွန်သော်လည်း ရှင်လိမ့်မည်။” (ယော ၁၁း၂၅) နာမည်ကျော် သိပ္ပံပညာရှင်ကြီး အိုင်းစတိုင်း အကြောင်းကို လူတိုင်း သိကြသည်။ ဂျူးလူမျိုး မိဘ နှစ်ပါးမှ ၁၈၇၉ မတ်လ ၁၈ ရက်နေ့တွင် ဂျာမဏီနိုင်ငံတွင် မွေးဖွားသော ထင်ရှားကျော်ကြားသည့် ရူပဗေဒ ပညာရှင် ကြီး…

အမေရိကန်လူငယ်တစ်ယောက်၏သက်သေခံချက်

အဖေနှင့်အမေ က အိမ်မှ ထွက်မသွားရန် အတန်တန် တားသည့် ကြားထဲမှပင် ကျွန်တော်သည် အသက် ၁၈ နှစ်ပြည့်သောနေ့တွင် နှစ်အတန်ကြာဆုဆောင်းထားသော ငွေအနည်းငယ်နှင့် ပစ္စည်းများကို ထုတ်ပိုးပြီး ကျွန်တော့်၏ ဗောက်စ်ဗော်ဂွန် လိပ်ခုံး ကားကလေး ဖြင့် လောကကြီးကို စူးဆန်းလေ့လာရန် ထွက်လာခဲ့သည်။ ကိုယ့်ကိုယ်ကို ရုန်းကန် လုပ်ကိုင် ၍ ရရာအလုပ် လုပ်ပြီး ဘ၀ကို…

ကျွန်ုပ်တို့၏ဆုတောင်းသံကိုဘုရားသခင်အဖြေပေးပါသလား

ကျွန်ုပ်၏ဆုတောင်းသံကိုဘုရားသခင်အဖြေပေးသည်ဟု မိတ်ဆွေယုံကြည်ပါသလား? မယုံမရှိပါနှင့် မိတ်ဆွေ ကျွန်ုပ်တို့၏ ဆုတောင်းသမျှအားလုံး ဘုရားသခင် အဖြေပေးပါတယ်။ ဆုတောင်းခြင်း သည် တနည်းအားဖြင့် ဘုရားသခင်နှင့်စကားပြောခြင်း၊ ဘုရားသခင်နှင့် အဆက်အသွယ်ပြုလုပ်ခြင်း၊ ဘုရားသခင် ပြန်ပြောသည့် အရာများကို နားထောင်ခြင်း၊ ဘုရားသခင်ထံ မေးခွန်းထုတ်၍ မေးမြန်းခြင်း ဖြစ်သည်။ အချို့သော ခရစ်ယာန် ယုံကြည်သူ တို့က ဘုရားသခင်ကို မေးခွန်းထုတ်၍ မေးမြန်းခြင်း ကို…

အသွေးတော်နှင့် ကယ်တင်ခြင်း တရား

တစ်ချိန်တုန်းက ကောင်းကင် ကြိုးလမ်းလျှောက်သမား တစ်ယောက်သည် Niagara ရေတံခွန်၏ အမေရိကန် နိုင်ငံ ခြမ်းဖက်မှ တစ်ဖက် ကနေဒါနိုင်ငံဖက်သို့ သံကြိုးရှည် တစ်ချောင်းသွယ်ပြီး တဟုန်ဟုန်းမြည်ဟီးသော ရေတံခွန် အပေါ်တွင် လမ်းလျှောက် ပြကာ ထောင်ပေါင်းများစွာ သော ပရိတ်သတ်၏ ချီးကျူးထောမနာ ပြုခြင်းကို ခံယူခဲ့သည်။ အကြိမ်ကြိမ် ဟိုဖက်ဒီကမ်း ဒီဖက်ကမ်း လမ်းလျှောက်ပြ ခဲ့သည်။ ထို့အပြင်…

သမ္မာကျမ်းစာမှ ပုဂ္ဂိုလ်များ (ဒါဝိဒ်)

  BC ၁၀၁၀ မှ ၉၇၀ ခုနှစ် အတွင်းစိုးစံခဲ့သည့် အစ္စရေး နိုင်ငံ၏ ဒုတိယမြောက် ဘုရင်ဖြစ်သည်။ ရုသ ၄ း၁၇ တွင် ဒါဝိဒ် (ဒေးဗစ်) ၏ နာမည်ကို ပထမဦးဆုံး ဖော်ပြထားသည်ကို တွေ့ရှိရသည်။ သူသည် ဗက်လင် မြို့၏ သာမန် အညတြ သိုးကျောင်းသား ငယ်တစ်ယောက် ဖြစ်ပြီး…

မှန်ကန်သော ရှုထောင့်မှကြည့်မြင်တတ်ခြင်း

ဘုရင်ခံ အုပ်ချုပ်ရေးမှူး Bradford သည် အောက်ပါ ကြေငြာချက်ကို ၁၆၂၃ ခုနှစ် တွင်ထုတ်ပြန်ခဲ့သည်။ အချိန်ကား ဥရောပတိုက်မှ အမေရိကန် နိုင်ငံသို့ အန္တလန်တိတ် သမုဒ္ဒယာ ကို ခက်ခက်ခဲခဲ ဖြတ်ကျော်ရောက်ရှိပြီး တတိယမြောက်နှစ်တွင်ဖြစ်သည်။ “နယ်မြေသစ်ကို ရောက်ရှိသူ အားလုံး သိစေရန် .. ဘုရားသခင် သည် ယခုနှစ် အတွက် လုံလောက် ရုံမျှကမ…

သမ္မာကျမ်းစာမှ ပုဂ္ဂိုလ်များ (မောရှေ)

သခင်ယေရှု မှလွဲလျှင် မောရှေ လောက်လူသိများသောသူ ဂျူးလူမျိုး တို့၏ သမိုင်းတွင် ရှိမည် မထင်ပါ။ သို့သော် နာမည် ကျော်ကြား လူသိများဖို့ အရေး မောရှေ လောက် ဘုရားသခင်ကို ငြင်းဆန်သူလည်း ရှိအံ့ မထင်ပါ။ အသက် (၈၀) ပြည့်သည့်အချိန်တွင် သူ၏ ဆန္ဒတစ်ခုမှာ လူသတ်မှုကြောင့် ထွက်ပြေး တိမ်းရှောင်ခဲ့ရသော တိုင်းပြည် ကို…

မြန်မာနိုင်ငံ၏ ကျေးဇူးရှင် ဆရာယုဒသန်

အထက်ပါခေါင်းစဉ်ဖြင့် အစချီပြီး ရေးလိုက်သော စာမူကို ဖတ်ရှုသူတိုင်း အံ့သြကောင်း အံ့သြ သွားပါလိမ့်မည်။ ဆရာယုဒသန်သည် မြန်မာသမိုင်း၌ ရာဇဝင် တွင်သော မြန်မာအင်္ဂလိပ် စစ်ပြေ ငြိမ်းစာချုပ် ဖြစ်သော ရန္တပို စာချုပ် ၌ စကားပြန်အဖြစ် သမိုင်း မှတ်တမ်း တင်ခဲ့ပါသည်။ သို့ရာတွင် သမိုင်း သုတေသီ တစ်ဦးဖြစ်သူ ဒေါက်တာ ဖြူဖြူဝင်း1  မှ…

ယုံကြည်ခြင်းအားကြီးသောဖခင်

ကလေးငယ်တစ်ယောက် သူဖခင် နှင့် စကားပြောသည်။ သားသမီးများ နှင့် ဖခင်များ၏ အရည်အချင်း များအကြောင်း ဆွေးနွေးကြသည်။ ကလေးငယ်က - “အဖေတွေက သားသမီးတွေထက် အမြဲတမ်း ပိုသိသလား?” “ဒါ ပေါ့ သားရဲ့. . . အဖေ တွေ က အများကြီး ကြုံခဲ့ဘူးတယ်. . ပိုသိတယ်” “ဒါဆိုရင် .…

The Doctrine of Adoniram Judson (ယုဒသန်၏သွန်သင်ချက်)

ဇူလိုင်လသည် မြန်မာပြည်ရှိ ယုံကြည်သူများအတွက် နှစ်ခြင်းသာသနာတော် စတင်ရာက်ရှိလာရာ လထူးလမြတ်ဖြစ်သကဲ့သို့ ကမ္ဘာ့နှစ်ခြင်းသမိုင်းတွင်လည်း အရးကြီး လှသော သာသနာ့သမိုင်းမှတ်တိုင် စိုက်ထူရာလ  ဖြစ်ပါသည်။ ၁၇၉၂ ခုနှစ်တွင် အင်္ဂလန်နိုင်ငံမှ နှစ်ခြင်းသာသနာပြုဆရာကြီး ဝီလျံကယ်ရီ (William Carey) သည် ခေတ်ပေါ်သာသနာပြုလှုပ်ရှားမှု (Modern missionary Movement) ကို စတင်ခဲ့ပြီး နှစ်ခြင်းသာသနာပြုအသင်းကြီး (Baptist Missionary Society)…

A Mother’s Love မိခင်မေတ္တာ

မိခင် များနှင့် ပတ်သက်ပြီး စာရေးဆရာ တစ်ဦးက သည်လို ရေးသားခဲ့ဘူးသည်။ “မိခင်များဟာ ဘဝရဲ့ ဆရာသမား၊ စည်းကမ်း ထိန်း၊ သန့်ရှင်းရေးလုပ်သား၊ ခြံလုပ်သား၊ များဖြစ်တယ်။ မိခင် အားလုံး နီးပါးက ချက်ပြုတ် ခြင်းဟာ အိမ် ပြူတင်းပေါက် များကို ဆေးကြော သန့်စင် ခြင်း အလုပ်ထက် အရေးကြီးတယ် ဆိုတာ နားလည်သဘောပေါက်တယ်”။…

အစ္စရေး၊အာရပ်၊အိုဘားမား-မြန်မာ (Religious Knowledge)

အခုရေးမဲ့ အာရပ်နဲ့အစ္စရေး အရေးအခင်းဆိုတာ လူမျိုးရေးပါ။ နောက်ပိုင်းမှာ ဘုရားတစ်ဆူတည်းကို လူမျိုး၂ခုက သူတို့ခံယူချက်တွေနဲ့ဆက်စပ်ပြီး ဂျူးနဲ့ခရစ်ယာန်များက တဖက်၊ မူဆလင်များကတဖက် ရာဇဝင်တွင်အောင် ပြသနာဖြစ်နေခဲ့တာ အခုမှမဟုတ်ပါ။ မြန်မာပြည်ဟာ နတ်ကိုးကွယ်တဲ့လူမျိုးများနေထိုင်ခဲ့ရက ခရစ်သက္ကရာဇ် ၉၀၀လောက်မှာ ဗုဒ္ဓဘာသာရောက်ရှိလာ တဲ့နိုင်ငံဖြစ်ပြီး၊ AD 1500 လောက်မှာ မူဆလင်၊ ခရစ်ယန်၊ဂျူးများ ဘာသာဝင်များ လာရောက်အခြေချခဲ့ပါတယ်။ အထူးသဖြင့် မူလဘာသာမရှိတဲ့ ဘာသာမဲ့သူများ၊…

The Empty Cross

ကျွန်တော်တို့ Dear Abby ပြောသော ရင်နင့်ဖွယ်ကောင်းသည့် ဇတ်လမ်းတစ်ပုဒ်ကို ကြားဖူးချင် ကြားဖူးကြမည်။ ချမ်းသာကြွယ်ဝသော မိသားစုမှ သားအဖနှစ်ယောက် အကြောင်းဖြစ်သည်။ သူတို့အသိုင်းအဝိုင်းတွင် အစဉ်အလာ ကဲ့သို့ ကျင့်သုံးသော ဓလေ့ တစ်ခုရှိသည်။ သားသမီး တစ်ယောက်ယောက် ဘွဲ့ယူလျှင် မိဘများက ကားအသစ်တစ်စီး ဝယ်ပေးခြင်းဖြင့် ဂုဏ်ပြုလေ့ ရှိသည်။ မကြာခင် ဘွဲ့ယူမည့် ဘီလ် နှင့်…

စစ်မှန်သောပျော်ရွင်ခြင်း

  မိတ်ဆွေ တစ်ယောက်က သူကြည့်ဖူးသော Happiness ဟု အမည်ရသည့် documentary ရုပ်ရှင် ကားတစ်ခုအကြောင်းပြောပြဖူးသည်။ ထို ရုပ်ရှင်ထဲ၌ ကမ္ဘာပေါ်တွင် အပျော်ရွှင်ဆုံး တိုင်းပြည် (သို့) လူမျိုးသည် ဒိန်းမတ်လူနိုင်ငံ နှင့် လူမျိူးဖြစ်ကြောင်း ဖော်ပြထားသည် ဟု ဆိုသည်။ မိတ်ဆွေ၏ ပြောပြချက် အရ ဒိန်းမတ် လူမျိုးများသည် အသိုင်းနှင့် အဝိုင်းနှင့်…

မွေးနေ့ရှင်ခရစ်တော်

ကြိုတင် ဟောကိန်းထုတ်ခြင်း၊ နိမိတ်ပြုခြင်း နှင့်ပတ်သက်ပြီး အလွန်စိတ်ဝင်စားစရာ ကောင်းသော အချက်တစ်ချက်ရှိသည်။ သူတို့ဟောသော အကြောင်းအရာ များ ကို ကြားသောသူ အား အမှန်တကယ် ဖြစ်မည် ဟု ထင်ယောင် ပြီး စိတ်တွင် စွဲနေအောင် ဟောတတ်၊ ပြောတတ်ကြခြင်းဖြစ်သည်။ သို့သော် အသေအချာ ပြန်လေ့လာကြည့် လျှင် လက်တွေ့ ဖြစ်မလာသည့် အကြိမ်များစွာရှိသည်ကို တွေ့မြင်ကြရသည်။…

ဘုရားသခင်နှစ်သက်သောကျေးဇူးတော်ချီးမွမ်းခြင်း

တစ်ခါတုံးက မုဆိုးတစ်ယောက်ဟာ တနေကုန် အမဲလိုက်ပေမယ့် သားကောင် တစ်ကောင်မှ မတွေ့ဘူး။ နေဝင် ချိန်နီးလာပြီဆိုတော့ ဘာကောင်ဘဲတွေ့တွေ့ အမိအရ ပစ်မယ်လို့ စိတ်ထဲမှာ ခဲထားတယ်ဆိုဘဲ…. နောက်ဆုံး နေဝင်ခါနီး မှာ ခြင်္သေ့ကြီးတစ်ကောင်နဲ့ ပက်ပင်းတိုးတယ်။ ကိုက် ၂၀ အကွာလောက် မှာရှိတဲ့ ခြင်္သေ့ကြီးကို ချက်ခြင်း သေနတ်နဲ့ အသေအချာ ချိန်ပြီးပစ်လိုက်တယ်….ဒိုင်း ဆိုတဲ့ သေနတ်သံအစား…

သမ္မာကျမ်းစာမှပုဂ္ဂိုလ်များ (ဒံယေလ)

သူ့ အသက်တာ၏ အထင်ရှားဆုံး ညတွင် လူသားစား ခြင်္သေ့ များနှင့် အတူ ပိတ်လှောင် ထားခြင်းခံရသော သူဖြစ်သည်။ ထိုည သူ၏ အသက် သည် (၈၀) ဝန်းကျင်ခန့်ရှိမည် ဟု ခန့်မှန်းရပြီး၊ သူ့ဘဝ၏ နောက်ဆုံးည ဖြစ်မည်ဟု သူကိုယ်တိုင် ထင်ကောင်းထင်ခဲ့မိပေလိမ့်မည်။ သူ့ကို ရင်းနှီးချစ်ခင်သော သူ့၏မိတ်ဆွေ ဘုရင်ကြီးသည်လည်း ထိုနည်း၎င်းခံစားရ မည်မှာ မြေကြီးလတ်ခတ်မလွဲပင်။…

ဧဝံဂေလိ (၂)မျိုး

ဧဝံဂေလိ တရား (၂) မျိုး ရှိပါသည်။ ၁။ လူ၏ အလိုသို့ လိုက်၍ ဟောပြောသော ဧဝံဂေလိ နှင့် ၂။ ဘုရားသခင်၏ အလိုတော်နှင့် အညီ ဟောသော ဧဝံဂေလိ ဟူ၍ဖြစ်သည်။ လူ၏ အလိုသို့လိုက်၍ ဟောပြောသော တရားဟောချက်ကို ‘အခြားသော ဧဝံဂေလိ တရား’ ဟုခေါ်ပြီး၊ ဘုရားသခင်၏ အလိုတော် သို့…

သမ္မာကျမ်းစာမှပုဂ္ဂိုလ်များ (ယာကုပ်)

ယာကုပ် ၏နာမည်ကို ကမ္ဘာဦးကျမ်း ၂၅း၂၆ တွင် ပထမဦးဆုံး ဖော်ပြထားသည်ကို တွေ့ရသည်။ ဂျူးလူမျိုး နှင့် နိုင်ငံသည် ယာကုပ်၏ သား ၁၂ ယောက်မှ စတင် သန္တေတည် ဖြစ်ထွန်း သောနိုင်ငံ၊ လူမျိုးဖြစ်သည်။ စစ်စစ် သူသည် ရိုးသားဖြောင့်မတ်သူ တစ်ယောက် မဟုတ်ခဲ့ပါ။ သူ၏ မွေးချင်းအမွာ အကိုဖြစ်သူ ဧသော ကို…

သမ္မာကျမ်းစာမှပုဂ္ဂိုလ်များ (ရှင်ပေါလု)

၂ ကော ၁၀း၁၀ တွင် တမန်တော် ရှင်ပေါလု အကြောင်းကို မြန်မာ သမ္မာကျမ်းစာ၌ အောက်ပါအတိုင်း ဋီကာ ဖွဲ့ရေးသားထားသည်။ “အကြောင်းမူကား၊ ထိုသူ၏ စာသည် လေးလံသောစာ၊ တန်ခိုးနှင့်ပြည့်စုံသောစာဖြစ်၏။ ကိုယ်တိုင်ရှိလျှင်မူကား၊ သတ္တိမရှိသောသူ၊ အချည်းအနှီး သောစကားကို ပြောသောသူ ဖြစ်သည်ဟု ဆိုတတ်သောသူရှိ၏။” Today’s New International Version တွင် “For…

ဘုရားသခင်ထံ အကြွင်းမဲ့ ဆက်ကပ်အပ်နှံခြင်း

အမည်မသိစာရေးသူ တစ်ယောက်က သည်လိုရေးသားဖူးသည်။ “ဘုရားသခင်ထံ ကိုယ့်ကိုယ်ကို အကြွင်းမဲ့ ဆက်ကပ် အပ်နှံခြင်းသည် လူသားတို့ အနေနှင့် ဘုရားသခင်အတွက် လုပ်ပေးနိုင်သည့် အရာများတွင် အကောင်းဆုံးနှင့် တန်ဖိုး အရှိဆုံးသော အရာဖြစ်သည်”။ အကြွင်းမဲ့ အပ်နှံခြင်း လို့ ဆိုတဲ့အခါ မိတ်ဆွေ ဘယ်လို နားလည်ပါသလည်း? ကိုယ့်ကိုယ်ကို အကြွင်းမဲ့ အပ်နှံခြင်း ဆိုဒါ ကိုယ့်ထက် တန်ခိုးအာဏာ…

တောင်ပေါ်တရားတော်၏နောက်ခံ (၂)

  ၃။ တောင်ပေါ်တရားတော်၌ ပါဝင်သောအကြောင်းအရာများ ၁။ ကျင့်ကြံရမည့်နည်းလမ်းများဖော်ပြခြင်း ဘုရားသခင်သည် လူကို ဖန်ဆင်းသောအခါ ပုံသဏ္ဍာန်တော်နှင့် အညီ ဖန်ဆင်းထားပါသည်။ ဤနေရာ၌ ဆိုလိုသည်မှာ မြင်နိုင်သော ကိုယ်ခန္ဓာကို ဖော်ပြလိုခြင်းမဟုတ်၊ “စိတ်ဝိညာဉ်” ကိုဖော်ပြ လိုခြင်းဖြစ် ပါသည်။ သို့ဖြစ်၍ ကမ္ဘာဦးမှစပြီး လူမျိုးတစ်မျိုးစီ လိုက်နာမည့် စည်းကမ်းများ အသီးသီးထားလေ့ရှိပါသည်။ သခင်ယေရှု မကြွလာမှီ အချိန်မှစပြီး၊…

တောင်ပေါ်တရားတော်၏နောက်ခံ (၁)

  ၁။ ခြုံငုံလေ့လာခြင်း။ ၆၆ အုပ်ရှိသော “သမ္မာကျမ်းစာ” အားလုံး၏ အခြေခံ ပင်ရင်းသည် သခင်ယေရှုသာလျှင်ဖြစ်သည်။ ဓမ္မဟောင်းမှ ဦးတည်ရေးသားသည်မှာ ယေရှုဖြစ်ပြီး၊ ဓမ္မသစ်ကျမ်း  ပေါ်ပေါက်ခြင်း သည်လည်း ယေရှုကြောင့်သာလျှင်ဖြစ်သည်။ သို့ဖြစ်၍ ခစ်ယာန်ဘာသာနှင့် သခင်ယေရှု၏ အလိုတော်သိရှိနိုင်ရန် သမ္မာကျမ်းစာမှ သခင်ယေရှု၏ သွန်သင်သော အချက်များ ပြည့်စုံစွာသိရှိဖို့ရန် အရင်ဦးဆုံးလိုအပ်ပါသည်။ ဓမ္မသစ်ကျမ်းမှ သခင်ယေရှု၏ မိန့်မှာချက်များကို…

သမ္မာကျမ်းစာမှပုဂ္ဂိုလ်များ (အာဗြဟံ)

ခေတ်သစ်ကမ္ဘာနှင့် ယှဉ်မည်ဆိုလျှင် နယူးယောက်မြို့တော် ကဲ့သို့စီးပွါးရေးအရ တိုးတက်ဖွံ့ဖြိုးစည်ပင်ကာ ယဉ်ကျေး မှုပေါင်းစုံ ထွန်းကားရာ အရပ်တွင် မွေးဖွါးပြီး၊ တောမြက်ရိုင်းများ ထူထဲစွာ ပေါက်သည့် တောရွာဇနပုတ်သို့ မိမိပိုင်ဆိုင်သမျှသော စီးပွါးချမ်းသာမှု အားလုံးနှင့်အတူ ပြောင်းရွှေ့သူဖြစ်သည်။ လူဗြိန်းတွေး တွေးမည်ဆိုလျှင် စီးပွါးဥစ္စာကျဆင်းရန်သာရှိသည်။ သို့သော် နောင်နှစ်များစွာကြာသောအခါ ကမ္ဘာ့အကြီးဆုံးသော ဘာသာရေး သုံးခုဖြစ်သော ဂျူး၊ အစ္စလမ် နှင့် ခရစ်ယာန်…

It is well with my soul (ဓမ္မသီချင်းတို့၏ရာဇဝင်များ)

ကောင်းပေသည်ဝိညာဉ်ဖို့ သီချင်းစာသား - ဟိုရတီယို ဂျီ စပပ်ဖို့ဒ် ၁၈၂၈-၁၈၈၈ သံစဥ် - ဖီလစ် ပီ ဘလီးစ် ၁၈၃၈-၁၈၇၆ “ဘုရားသခင်သည် ငါတို့ခိုလှုံရာဖြစ်၍ ခွန်အားကို ပေးတော်မူ၏။ ဘေးရောက်သည်ကာလ အထူးသဖြင့် ကူမတော်မူကြောင်း ထင်ရှားလျက်ရှိ၏။ (ဆာလံ ၄၆:၁) ဤဓမ္မသီချင်းကို ၁၈၂၈ခု အောက်တိုဘာ (၂၀)ရက်နေ့တွင် နယူးယောက်မြို့၏ နော့သ်ထဂွိုင်း၌ မွေးဖွားသည့်…

ကမ္ဘာ့ဘာသာရေးအဖွဲ့ကြီးများ အကြောင်းအကျဉ်း (မော်မွန်)

ဝါရှင်တန်ဒီစီ၊ ဗာဂျီးနီးယား နှင့်မေရီလင်း ပြည်နယ် များတွင် နေထိုင်သူများ အတွက် ဟိုင်းဝေးအမှတ် ၄၉၅ မြို့ပတ်လမ်းမကြီး၏ တစ်ခုသော တစ်နေရာ၊ အုပ်အုပ်ဆိုင်းဆိုင်း သစ်တောအုပ်ကလေး တစ်ခု၏ အထက်တွင် ကြီးကျယ် ခန်းနား လှသော မော်မွန်တို့၏ ဗိမ္မန်တော်ကြီး တစ်ခု ငွားငွားစွင့်စွင့်  ထောင်တက်နေသည့်  မြင်ကွင်းမှာ အထူးအဆန်းတော့ မဟုတ်ပါ။ သို့သော် သူတို့ အခြေခံယုံကြည်ခြင်း …

ပင်လယ်သေမှသက်သေများ

အတွေးအခေါ်အယူအဆတစ်ခုဖြစ်စေ၊ ယုံကြည်ကိုးကွယ်ရာဘာသာတစ်ခုဖြစ်စေ၊ လက်ခံကျင့်သုံးသောဥပဒေသတစ်ခုဖြစ်စေ မိမိယုံကြည်သော ကိုးကွယ်သော လက်ခံကျင့်သုံးသော အရာသည်မည်မျှမည်ရွေ့ ခိုင်မာသည်၊ ယုံကြည်လောက်သည် သို့မဟုတ် လက်ခံနိုင် လောက်သည် ဆိုသောအချက်သည် အလွန်အရေးကြီးလှပေသည်။ ထို့အပြင်မိမိ၏ ယုံကြည်ရာကိုးကွယ်ရာသည် ယုံတမ်းစကားသို့မဟုတ် ပုံပြင်လေးတခုမျှအဆင့်မဟုတ်ဘဲ အမှန်တကယ်ဖြစ်တည်ခဲ့သည့်အရာများဖြစ်သည်ကို တိကျခိုင်မာစွာသိနားလည်ရန်လည်း အလွန်အရေးကြီးသည်ဟုခံယူမိပါသည်။ သို့ဆိုလျှင် ယနေ့မိမိကိုယ်ကိုခရစ်ယာန်ပါဟု သမုတ်နေသောသူများ မိမိယုံကြည်ပါသည်ဆိုသော လက်ခံကျင့်သုံးပါသည်ဆိုသော သမ္မာကျမ်းစာသည် မည်ရွေ့မည်မျှ မှန်ကန်တိကျသည်ကို စဉ်းစားမိကြပါသလား။…

ဘယ်လိုဆုတောင်းကြမလဲ

Bill Flick ဆိုသူသတင်းစာဆရာတစ်ဦးက လူတွေဆီမှာ ကံမကောင်း အကြောင်းမလှတဲ့ အဖြစ်အပျက်တွေ မထင်မှတ်တဲ့အချိန်မှာ ဖြစ်ပျက်တတ်တယ်လို့ Pantagraph သတင်းမှာရေးသားပါတယ်။ သူကဆက်လက်ပြီးတော့ အောက်ပါအဖြစ်အပျက်တွေကို အဲဒီအပတ်ထဲမှာ ဖြစ်ပျက်ခဲ့တဲ့အကြောင်း သူ့ရဲ့သတင်းစာဆောင်းပါးမှာ ရေးသားပါတယ်။- ကွန်နက်တီကတ် ပြည်နယ်မှာ ကားခိုးလာတဲ့ ကားသူခိုးတစ်ယောက်က လမ်းမှာ တွေ့တဲ့ ရဲကိုအတင်း ရပ်ခိုင်းပြီး မြို့ပြင်ကို အမြန်ဆုံးရောက်ဖို့ လမ်း direction မေးတယ်။-…

ကျေးဇူးတင်စကားမကြားလိုက်ရသူ

အက်ဒ်ဝါဒ်စပင်ဆာ သည် ၁၈၆၀ ပတ်ဝန်းကျင်ခန့်တွင် အီလီနွိုက်ပြည်နယ် အီဗင်စတုံး မြို့၏ North Western University ၌ ကျမ်းစာကျောင်းသားတစ်ယောက်ဖြစ်သည်။ သူသည် ကယ်ဆယ်ရေးလုပ်ငန်းတွင် လုပ်အားပေးလုပ်ကိုင်သူလည်းဖြစ်သည်။ စက်တင်ဘာလ ၈ ရက်၊ ၁၈၆၀ တွင် Lady Elgin အမည်ရှိ ရေနွေးငွေ့သင်္ဘောတစ်စီးသည် ခရီးသည်အပြည့်နှင့် မီချီဂန် အိုင်ထဲခုတ်မောင်းနေစဉ် နှစ်မြုပ်ခဲ့သည်။ အက်ဒ်ဝါဒ်စပင်ဆာ သည်…

သမ္မာကျမ်းစာအုပ်အကြောင်း (၄)

သခင်ယေရှုချီဆောင်ခြင်းခံရသည့် နောက်ပိုင်းအဖြစ်အပျက်များကို လေ့လာခြင်း သခင်ယေရှု ကောင်းကင်သို့ချီဆောင်ခြင်းခံရပြီးနောက်ပိုင်းတွင် ခရစ်ယာန်ဘာသာသည် အရှေ့အလယ်ပိုင်းအရပ်ဒေသမှတဆင့် အာရှမိုင်းနားနှင့်ဥရောပတခွင်လုံးသို့ ပြန့်နံှ့သွားသည်။ ပေါလု ဆိုသူသည် ခရစ်တော်၏နောက်လိုက်ယုံကြည်သူခရစ်ယာန်ဘာသာဝင်များကို လိုက်လံ ညှင်းပန်းနှိပ်စက်သတ်ဖြတ်သူ တစ်ယောက်ဖြစ်သည်။သူသည် ယခုခေတ်ဆီးရီးယားနိုင်ငံ ၏မြို့တော်ဖြစ်သော ဒမတ်စကတ် မြို့သို့ခရစ်ယာန်ဘာသာဝင်များကိုညှင်းပန်းနှိပ်စက်ရန်အသွား၊လမ်းခုလတ်တွင် လွန်ခဲ့သည့်နှစ်အနည်းခန့်ကသေခြင်းကိုအောင်မြင်ခဲ့သည်ဟု သူလုံးဝမယုံကြည် လက်မခံခဲ့သောခရစ်တော်နှင့်တွေ့ပြီး၊ ပြောင်းလဲသွားသည်။ အချိန်ကား အေဒီ ၃၅ ခုနှစ်ပတ်ဝန်းကျင်တွင်ဖြစ်သည်။ပေါလုကို အာရှမိုင်းနားတခွင်နှင့် အီတလီနိုင်ငံ ရောမမြို့အထိ…

သမ္မာကျမ်းစာအုပ်အကြောင်း (၃)

ဓမ္မသစ်ကျမ်းစာခေတ်မှအဖြစ်အပျက်များကိုလေ့လာခြင်း (၁)ခရစ်တော်မွေးဖွါးသည့်ဓမ္မသစ်ကျမ်း စာခေတ်မတိုင်ခင်နှစ်ပေါင်း ၃ဝဝ ခန့်ကို ပြန်ကြည့်မည်ဆိုပါက တိုင်းတပါးလူမျိုးခြားတို့၏ ကျုးကျော်သိမ်းပိုက်မှုကိုဆက်တိုက်ခံရသည်။ ဂရိတို့၏လက်အောက်ခံဘဝတွင်ဆိုလျှင်ဂရိယဉ်ကျေးမှု နှင့်ထုံးတမ်းစဉ်လာစာပေတို့ကို အတင်းအဓမ္မသွတ်သွင်းခြင်းကိုခံရသည်။ ထို့ကြောင့်ခရစ်တော်မွေးဖွါး သည့်အချိန်တွင် အစ္စရေးလ်လူမျိုးတို့သည် လွတ်လပ်ရေးကိုအလွန်လိုချင်တမ်းတနေသည့်အချိန်ဖြစ်သည်။ ဤကဲ့သို့သော နိုင်ငံရေးအခြေအနေတွင်ခရစ်တော်မွေးဖွါးလာသဖြင့် ခရစ်တော်၏နောက်လိုက်တမန်တော် ယုဒရှကာရုတ်မှအစ ဂျုးလူမျိုးအတော်များများသည် ခရစ်တော်အားဝိညာဉ်ရေးရာကယ်တင်ပိုင်ရှင် အဖြစ်ထက် အစ္စရေးလ်နိုင်ငံအား တိုင်းတပါး တို့လက်အောက်မှ လွတ်လပ်ရေးရအောင် ခေါင်းဆောင် တိုက်ခိုက်ပေးမည့်သူရဲကောင်း၊ နိုင်ငံရေးခေါင်းဆောင်ကြီးဟု ထင်မြင်ခံယူခဲ့ကြသည်။…