The girl with the Green Tattoo

အစိမ်းရောင် Tattoo ရှင် မိန်းကလေး
မကြာသေးခင်က ကြည့်လိုက်ရတဲ့ဇာတ်ကားကတော့ The Girl with the Dragon Tattoo ပါပဲ။ မင်းသမီးရဲ့ ကိုယ်ခန္ဓာပေါ်မှာ Tattoo ထိုးထားမယ်ဆိုတာ ဇာတ်ကားနာမည် ကြားလိုက်တာနဲ့ သိနိုင်ပေမယ့် အဲဒီဇာတ်ကားထဲမှာ မင်းသမီးက သူ့ကိုအနိုင်ကျင့်ဖျက်ဆီးခဲ့တဲ့ လူယုတ်မာကြီးရဲ့ကိုယ်ပေါ် မှာ Tattoo တွေပြန်ထိုးပြီး မှတ်လောက်သားလောက်အောင် ပညာပြန်ပေးလိုက်တယ်ဆိုပါတော့။ Tattoo … Tattoo ။ တချို့ Tattoo ကျတော့ရုပ်ပုံတွေ၊ အချို့ကျတော့ စာလုံးတွေ၊ အချို့ကျတော့ Bar Code တွေ၊ အချို့ကျတော့ ခရစ်ယာန်ကျမ်းပိုဒ်တွေ၊ အချို့ကျတော့ ချစ်သူရည်းစားမြင်တွေ့ သဘောကျစေမဲ့ အကြောင်းအချက်တွေ…စုံနေတာပါပဲ လေ။ အင်းလေ ထိုးကြပေါ့။ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် ရှိတာပဲလေ။

ဒီ Tattoo တွေကိုတွေ့တိုင်း..တွေ့တိုင်း..ဟိုတုန်းက Tattoo အစိမ်းရောင်နဲ့ မိန်းခလေးတစ်ယောက် အကြောင်းကို သတိရမိတယ်။

ကျွန်တော်နဲ့ ကျွန်တော့် အမျိုးသမီး တို့ဟာ ကျေးဇူးတော်ချီးမွမ်းခြင်း ရက်သတ္တပတ် တစ်ပတ်မှာ ဖရော်ရီဒါပြည်နယ်၊ ပင်စာကိုလာမြို့မှာ ရှိနေကြ တယ်။ သားသမီးတွေက အိပ်ရာကို ညနေ (၆း၃ဝ) လောက်ကတည်းက အစောကြီးဝင်သွားကြတယ်။ ခရီးပန်းလာပြီလေ။ အခုတော့ ကျွန်တော်တို့နှစ်ယောက် မောပြီး ခြေပစ်လက်ပစ်နဲ့ပေါ့။ ဟိုတယ်အခန်းထဲက ထိုင်ခုံမှာထိုင်ပြီး အနားယူနေကြတယ်။ အခန်းက သိပ်မသန့်လှဘူး။ အနံ့အသက်ရှိတယ်လေ။ အဲဒါနဲ့ ကျွန်တော်လည်း လမ်းထွက်လျှောက်ရင်း ပတ်ဝန်းကျင်ကို လေ့လာလိုက်ဦးမယ်ဆိုပြီး ဟိုတယ်အပြင် ဘက်ကိုထွက်လာခဲ့တော့တယ်။ BP ဓါတ်ဆီဖြည့်တဲ့ ရပ်နားရာ နေရာကို လမ်းလျှောက်လာလိုက်မိတယ်။ ဟိုတယ်ရဲ့ဘေးမှာ ကပ်လျက်ရှိနေတာကိုး။

ပိုက်ဆံရှင်းတဲ့ကောင်တာရဲ့ အနောက်ဘက်မှာရပ်နေတဲ့ အမျိုးသမီးဝန်ထမ်းတစ်ဦးကို တွေ့လိုက်ရတယ်။ အသက် (၃ဝ) ဝန်းကျင်လောက်ပဲရှိသေးတယ်။ ဒါပေမဲ့ သူ့ကိုကြည့်ရတာ အင်မတန်မှ ပင်ပန်းနုံးချိနေတဲ့ ပုံပေါ်တယ်။ နောက်ထပ် (၁ဝ) နှစ်ကာလများမှာ ကြုံတွေ့ရမဲ့အဆိုးတွေအားလုံး အခုပဲသူ့
အပေါ်ကို ကြိုပြီး ကျရောက်ထားလို့ (၁ဝ) နှစ်လောက် ဒဏ်ခံထားရတဲ့ပုံစံမျိုး။ ငယ်ရွယ်တဲ့ ကလေးဘဝ အသက်တာကို လုံးဝပျော်ရွှင်စွာမခံစားရဘဲ ကိုယ့်ခြေထောက်ပေါ် ကိုယ်အမြန်ရပ်ပြီး ကိုယ့်ထမင်း ကိုယ်ရှာစားခဲ့ရတဲ့ဘဝကို စောစီးစွာ ရောက်ခဲ့ရတဲ့ပုံပဲ။

အဲဒီနွမ်းလျနေတဲ့ သူ့ပုံစံတွေကိုကြည့်ရင်းမှ မထင်မှတ်ဘဲသူ့ရဲ့လက်မှ “X” အမှတ်အသားပုံ အစိမ်းရောင် Tattoo ကြီးကိုတွေ့လိုက် ရတော့တာပဲ။ ကောင်တာပေါ်မှာ တင်ထားတဲ့ သူ့ရဲ့လက်က အဲ့ဒီ Tattoo ကြီးဟာ အသိအသာထင်အရှားကြီးဆိုတော့ ကျွန်တော် အလွန့်ကို စပ်စုမိပါတော့တယ်။

သူမက ပြန်ပြောတာကတော့ ‘ဒါလား? ဘာအဓိပ္ပါယ်မှကို မရှိတာ။ အမေလေ..အမေပေါ့။ သူမူးပြီး ပြန်လာတဲ့ညတစ်ညမှာ ကျွန်မလက်ကို ယူပြီး သေရာပါထိုးပေးခဲ့တာ’ တဲ့။ ဟိုက်ရှားပါး ….. တစ်ကမ္ဘာလုံး တုန်ခါသွားတယ်။ သူမကတော့ ခပ်ပြတ်ပြတ်ဖြေတယ်လေ။

ကျွန်တော်က ဆက်မေးတော့ သူက ‘ကျွန်မ (၁၃)နှစ်လောက်ပဲ ရှိဦးမယ်ထင်တယ်’ တဲ့။
ဟိုက်… (၁၃)နှစ်။ ပိုဆိုးပြီ။
(၁၃)နှစ်မှာ အမေက အရက်မူးပြီး သမီးရဲ့လက်မှာ Tattoo ထိုးပေးခဲ့တယ်တဲ့။

ကျွန်တော့်အကြောင်းကျတော့ ပြန်စဉ်းစားလိုက်ကြည့်တယ်။ ကျွန်တော် (၁၃) နှစ်တုန်းက ဆိုရင် ..ဘာ ဖြစ်ခဲ့လဲ ပေါ့။ အဲ့ဒီအသက်အရွယ်တုန်းက ကျွန်တော့်မှာ အဝတ်အစားပြဿနာရှိတယ်။ ပိုလိုရှပ်အင်္ကျီအစား Brand ရှိတဲ့အင်္ကျီတွေ၊ Nike ဖိနပ်အစား Reebok ဖိနပ်တွေ အမေဝယ်လာမှာကို သိပ်ရှက်တာပဲလေ။ Brand ဆိုမှ Brand ။ Brand Drama လေ။ သူများကိုလည်းကြွားချင်တယ်၊ အကောင်းလည်း ကြိုက်တယ်၊ အဝတ်အစားအနိမ့်ကို ဝတ်လို့ ရွယ်တူတွေအထင်သေး လှောင်ပြောင်တာကိုလည်း ရှက်တတ်တယ်လေ။ ကဲ…အဲဒီအမျိုးသမီးကို အသက် (၁၃) နှစ် Tattoo အထိုးခံရပြီးတဲ့ နောက်နေ့ကို ပြန်ပို့လိုက်။ ကျောင်းရောက် ပါပြီတဲ့..လက်မှာလည်း ဧရာမအစိမ်းရောင် “X” Tattoo ကြီးနဲ့။ တခြားကျောင်းသားတွေ ဘာပြောမယ်ထင်လဲ? အမေရိကား အနောက်နိုင်ငံလေ။ လွတ်လပ်စွာဝေဖန်ပြောပိုင်ခွင့် အပြည့်အဝ ကျင့်သုံးတဲ့တိုင်းပြည်။ သူမကော ဘယ်လိုခံစားရမလဲ? အမေမူးနေတုန်းထိုးတဲ့ မြင်ကွင်းကို မိတ်ဆွေမြင်ကြည့်ပြီး သူမရဲ့နေရာမှာ မိတ်ဆွေရဲ့ (၁၃)နှစ်အရွယ် လက်ကလေးကို ခဏလောက် အစားထိုးကြည့် ပါလား? အမေရဲ့မူးလို့ တုန်နေတဲ့ လက်၊ အိမ်မှာရှိတဲ့ စုပ်တံနဲ့ ညကြီးသန်းခေါင်မှာ ဒုက္ခ ခံခဲ့ရပေမယ့် … အတွေ့အကြုံလေ။

သြော် မိဘပေးတဲ့ အမွေဆိုတာ ဒါမျိုးလည်း ရှိပါလားလို့ ကောက်ချက်ချလိုက်မိတယ်။ သေရာပါလေ…။

ခရီးစဉ်တစ်လျှောက်လုံး မိဘတွေပေးလိုက်တဲ့သေရာပါ အမှတ်ဆိုးကြီးတွေအကြောင်းကို စဉ်းစားနေမိတော့တယ်။ အမှတ်ကောင်းတွေလည်း ရှိပါတယ်။ ဘယ်လိုအမှတ်အသား ပဲဖြစ်ဖြစ်လေ…ကိုယ့်ပေါ်မှာဘယ်လိုအမှတ်အသား ရှိနေလဲဆိုတာ ကိုယ့်ကိုကိုယ်သိဖို့တော့ လိုမယ်ထင်တယ်။ ပြန်မဆန်းစစ် ကြည့်သင့်ဘူးလား? မိဘတွေသာမက ငယ်သူငယ်ချင်းတွေ၊ ရည်းစားဟောင်းတွေ၊ လုပ်ဖော်ဆောင်ဖက်တွေကရော ကိုယ့်အပေါ်မှာ ဘာတံဆိပ်တွေ.. သေရာပါရိုက်ပေးလိုက်ကြသလဲ? တခါတခါကျတော့ သူတို့ Tattoo ထိုးလိုက်ပြီဆိုတာကို မသိဘဲနဲ့ အထိုးခံလိုက်ရတဲ့အချိန်များ ရှိနေခဲ့မလား?

. . .

နှစ်အနည်းငယ် နောက်ပြန်ရွေ့ပြီး အလုပ်အကြောင်းကို စဉ်းစားလိုက်တယ်။ လုပ်ဖော်ဆောင်ဖက် တစ်ယောက်က.. ကျွန်တော့်ဆီကို Memo တစ်စောင် ယူလာပေးပြီး၊ အဲ့ဒီ Memo မှာပါတဲ့ Memo ရေးတဲ့ဝန်ထမ်းရဲ့ အသုံးမကျတဲ့စာစီပုံတွေ၊ Memo မှတ်တမ်းတင်ပုံတွေကို သေချာဖတ်ပြီး… အကောင်းဆုံးပြန်ပြင်ဆင်ပေးဖို့  ပြောတယ်။ အဲ့ဒီ Memo ကိုရေးတဲ့ အသုံးမကျတဲ့သူဆိုတာ ကျွန်တော်ဖြစ်နေတယ်ဆိုတာကို သူလုံးဝ မသိဘူးလေ။ သြော်.. တိုက်ဆိုင်လေစွ.. ဤလောက.. ဤလောက။ အနီရောင် စာလုံးကွင်းကြီးတွေ ကွင်းထားပြီး ‘သုံးစားလို့မရဘူး’ ဆိုတဲ့ စာတမ်းကို Memo မှာ မှင်အနီရောင်နဲ့ ထင်းနေအောင်ရေးထားတယ်။ ဒီစာရွက်ကိုကိုင်ပြီး ကျွန်တော် စားပွဲရှိရာသို့ လျှောက်လှမ်းလာတဲ့  ခြေလှမ်းတိုင်းဟာ  လေးလံလို့ပေါ့။ ရှက်လည်းရှက်မိတယ်။ ခံပြင်းတာလည်း ဖြစ်မိတယ်။ လုံးဝကိုတန်ဖိုးမရှိတဲ့ဘဝကို အပို့ခံလိုက်ရသလိုပဲ။ ချက်ချင်းဆိုသလို ဘုရားရှင် ဝင်ရောက်လာပြီး ကျွန်တော့်ရဲ့ အဲဒီအတွေးတွေကို တွေးနေတာကို ဖြတ်တောက်ပေးပစ်လိုက်တယ်။ ပြီးတော့သူက ‘အဲဒီ Memo ဟာ သားရဲ့ တန်ဖိုးကိုသတ်မှတ်တဲ့ Memo မဟုတ်ဘူးလေသား… အဖေပြောချင်တာ ကတော့ သားဟာ အဖေရဲ့သားပဲလေ‘ တဲ့။

ကမ္ဘာကြီး တစ်အားကိုအေးမြသွားတယ်။ အားအင်တွေပြည့်လာလိုက်တာ။ အဖေ့ကိုကျေးဇူးတင်လိုက်တယ်။ စာတန်ရဲ့ဖျက်ဆီးမှုအောက်ကနေ ကျွန်တော့်ကို ချက်ချင်းအချိန်မှီ ဝင်ကယ်လိုက်လို့လေ။

စားပွဲမှာ ဝင်ထိုင်လိုက်တယ်။ ခွန်အားအပြည့်နဲ့ပေါ့။ Memo ကိုသတ္တိရှိရှိ အစအဆုံး တလုံးမကျန် ပြန်ဖတ်ပစ်လိုက်တယ်။ ငြိမ်သက်ခြင်းအောက်မှာ ရှိနေတဲ့ ပြတ်သားတဲ့၏စိတ်ဓါတ်အပြည့်နဲ့လေ။ အကောင်းဆုံးပေးဆပ်လိုက်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ အကောင်းဆုံးအလုပ်တစ်ခုကို
အဲ့ဒီကုမ္ပဏီအတွက် လုပ်ပေးခဲ့လိုက်တယ်။

အဲ့ဒီနေရာမှာ ဘုရားရှင်သာ မဝင်ခဲ့ဘူးဆိုရင် ကျွန်တော်ဘာဖြစ်မလဲ? မိတ်ဆွေကတော့ ထင်မှာပဲလေ။ ဒါဘာဆန်းသလဲလို့? ဒါဘဝပဲလေ။ ဒီထက်ဆိုးတာကိုတောင် တွေ့ချင်တွေ့ရဦးမှာပေါ့။ Drama လာရိုက်မနေနဲ့ စသည်ဖြင့်ပေါ့…။

မှန်ပါတယ်။ ဒါပေမဲ့ အကြီးတွေ တွေ့ပြီး အကြီးတွေကို မေ့ပစ်လိုက်နိုင်ပြီး အသေးလေးတစ်ခုက မမေ့နိုင်ဘဲ ခြလို လှိုက်စားပြီး မကြာခင်ဘဝတစ်ခုလုံးကို ဖြိုဖျက်ပစ်လိုက်နိုင်တာကို မမေ့သင့်ဘူးလေ။ မဟုတ်ဘူးလား? ဒါကြောင့် ကိုယ့်ပေါ်မှာရှိနေတဲ့ အမှတ်အသား အသေးလေးတွေကို အထူးဂရုစိုက်ပါလို့ပြောချင်တယ်။

စိတ်ပညာအရ လူဆိုတာ အကြီးမားဆုံးဆုံးရှုံးမှုတွေ၊ အနာတရဖြစ်မှုတွေကို အမြန်ဆုံး မေ့ပျောက်လိုက်နိုင်ပေမဲ့ မထင်မှတ်တဲ့အသေးလေးတွေ ကျတော့ အရိုးစွဲအောင် စိုက်နေရစ်ကြတတ်တယ် တဲ့။ ဒါကိုပဲ မီးမောင်းထိုးပြချင်တာပါ။ မြင်တယ်ဟုတ်။

ကျွန်တော့်ရဲ့ တင်ပြချက် ဟုတ်၊ မဟုတ်ဆိုတာကို စာဖတ်သူမိတ်ဆွေ မစစ်ခင်ဘဲ အခုကျွန်တော့်ဘာသာ ပြန်ဆန်းစစ်ကြည့်တယ်။ တနည်းအားဖြင့် ကျွန်တော့် ကိုယ်ခန္ဓာပေါ်မှာ ဘာအမှတ်လေးတွေ ရိုက်နှိပ် လိုက်ထားသလဲ လို့လေ။ တွေ့လိုက်ရပါပြီ။ ချက်ချင်းကို တွေ့လိုက်ရတာ။ ‘တခြားလူတွေပြောတာကို ယုံလွယ်ပြီး သိပ်ဂရုစိုက်လွန်းတယ်ဆိုတဲ့ Tattoo ပါပဲ။ ကိုယ့်ကိုယ်ကို ဘယ်သူဆိုတာ မေ့သွားပြီး လူ(ဇာတိပကတိလူ) တွေရဲ့ မှတ်ချက်ကို သိပ်ကြိုက်နေမိတဲ့..ကျွန်တော် ပါတကား။ ‘ပြောပါဦး ကျွန်တော်ကောင်းကြောင်း’၊ ‘ကြားချင်လွန်းလို့’ ။ ရုံးမှာလည်း လုပ်ဖော်ကိုင်ဖက်တွေကို မထင်ရင် မထင်သလို ကြွားတတ်တဲ့ ကျွန်တော်လေ။ အထူးသဖြင့် ‘မိန်းမကတောင် ဂုဏ်ယူပြီးပြောလိုက်သေးတယ်။ အဲ့ဒါ ကျွန်တော်ပေါ့’ ဆိုတဲ့လေသံလေးနဲ့ ခပ်ကြွားကြွားလေး ပြောလေ့ရှိတတ်တယ်။ အလိုလေး…မြတ်စွာဘုရားသခင်…ထာဝရအဘ ကယ်တော်မူပါ။ ကျွန်တော် တကယ့်ကို Tattoo ထိုးခံထားရပါလား။ Morale Support ဆို ဆိုပြီး တကယ်တော့ ကျွန်တော့်ကို သူတို့အပြောနဲ့ဝိုင်းပြီး ရေတိမ်နှစ်သတ်နေကြတာပါလား? ‘ပြောပေး’ နဲ့ ‘ကြားချင်’ အုပ်စုနှစ်စုလုံးဟာ မာရ်နတ်ရဲ့ တန်ခိုးဖြစ်တဲ့ ‘လှည့်စားခြင်း’ နိယာမကို အပြည့်အဝကျင့်သုံးနေကြပါလား?။ ‘ပြောပေး’ ဆိုတဲ့အုပ်စုကတော့ ဧဝ အုပ်စုလေ။ စာတန်က လှည့်ဖြားပြီးလို့ စာတန် ခန့်ထားတဲ့ လက်ထောက်တွေပေါ့။ သူတို့က ပြောတဲ့နေရာမှာ ရှယ် တော်တယ်။ ဖုံးမယ်၊ ဖာမယ်၊ ‘အလုံး’ ကို ‘အပြား’ ဖြစ်အောင်ပြောမယ်။
မြှောက်ပြောတဲ့သူတို့ စကားတွေကို Morale Support လို့ခေါင်းစဉ်တပ်ကြမယ်။ ‘ကြားချင်’ ဆိုတဲ့ အုပ်စုကတော့ အာဒံလေ။ ‘အာပလာ’ ဖြစ်နေလို့ အဲဒီ သူများရဲ့ Deception ‘ဒဏ်’ကို နားက သိပ်ကြားချင်နေတဲ့ သူတွေပေါ့။

မှတ်ချက်ချတာကတော့ လာ ‘ပြောပေး’ တဲ့သူတွေကို ဝေဖန်စရာအကြောင်းကိုမရှိဘူးလေ။ ဘာကြောင့်လဲဆိုတော့ သူတို့က မာရ်နတ်နဲ့ အပေးအယူ လုပ်သူတွေလေ။ အပြောခံရတဲ့ ကျွန်တော်တို့ဘဝကိုသာ ကျွန်တော်တို့မှတ်ချက်ချသင့်တယ်။ ဆိုလိုတာက ‘ရေတိမ် ဆက်အနစ်ခံပြီး၊ သူများသတ်တာကို ဆက်ငုံ့ခံနေမလား? ဒီအချိုးကိုပြင်မလား? ဆိုတာပါပဲ။

ကဲ…ဒီ Tattoo အပြင်ဘာရှိသေးလဲ။ ဆက်ရှာကြည့်စမ်းလို့ ကိုယ့်ကိုယ်ကို အမိန့် ပေးလိုက်တဲ့အခါ မှာတော့ ..ဟော-တွေ့လိုက် ရပြန်ပါပြီ.. နောက်တစ်ခု။ ‘အားငယ်တတ်တဲ့ ‘Tatoo’ လေ။ အဲဒါလည်း Satanic Deception (စာတန်ရဲ့လှည့်ဖျားခြင်းတမျိုးပဲ) ဘာကိုနေရင်းထိုင်ရင်း အားငယ်နေမိပါလိမ့်..တွေ့ပြီ။ Attention Seeker (အားလုံးရဲ့စိတ်ဝင်စားမှုကို ၂၄/၇ လိုချင်သူ)။ ကျွန်တော်ဟာ ကျွန်တော့်ရဲ့မိန်းမ၊ အမျိုး၊ မိတ်ဆွေအားလုံးကို လုပ်ကြံ လိမ်လည်ထားတာကတော့ ‘စိတ်ထိခိုက်တတ်တယ်’ ဆိုတဲ့ Tattoo နဲ့ပဲ။

ပထမ Tattoo က သူများက ကိုယ့်ပေါ်လာ လားထိုးသွားတာ။ ဒုတိယ Tattoo ကိုမြင်ဘူးတဲ့လူတိုင်းက ‘ဟဲ့…မပြောနဲ့လေ။ စိတ်ထိခိုက်သွားမယ်။ ဖုံးကြဟဲ့၊ ဖာကြဟဲ့ နဲ့ပေါ့’ ။ ‘ဒါတွေကို တွေ့လိုက်ရတိုင်း ကျွန်တော်ကတော့ ပီတိတွေဖြာလျက်၊ ကျေနပ်လျက်ပေါ့။ ငါ့ကိုဂရုစိုက်ကြပါလားဆိုပြီး ဂုဏ်ဒြပ် အပြည့်နဲ့ မျက်နှာမော်လို့ပေါ့။ တကယ်တမ်းကျတော့ နောက်ကွယ်မှာ လူတိုင်းက ‘ရှက်တတ်အောင် ကြိုးစားပါ စာရင်း’ ထဲကို ကျွန်တော့်ကိုသွင်းထား ကြတာလေ။ အမှားတွေ…အမှားတွေ။ သိပါတယ် မှားမှန်း။ ဒါပေမဲ့ ကြိုက်တယ်လေ။ ကြားရတာ သိပ်အရသာရှိလို့။

ကဲ…နောက်ထပ်ဘာများရှိဦးမလဲ? ရှာကြည့်လိုက်တဲ့အခါ ခန္ဓာကိုယ်ပေါ်မှာလုံးဝ ကို ဘာ Tattoo မှထပ်မတွေ့ တော့ဘူး။ သေချာရဲ့လား။ ပြန် ဆန်းစစ်ကြည့်ဦးဆိုပြီး စစ်ကြည့်လိုက်တော့ ဟော..တွေ့လိုက် ရပါပြီ။ တတိယနဲ့ နောက်ဆုံး Tattoo ။ ဒါပေမဲ့ ကိုယ်ခန္ဓာပေါ်မှာမဟုတ်ဘူး။ သော့ခတ်
သိမ်းထား တတ်တဲ့ စိတ်နှလုံးထဲမှာဝင်ထိုးသွားတာ။ ကိုယ်တိုင်ထိုးတာလဲ မဟုတ်ဘူး။ သူများက ဝင်ထိုးတာလဲမဟုတ်ဘူး။ ဒါဆိုဘယ်သူလဲ..ဒီမကောင်းတဲ့ အလိမ်မှတ်ချက် Tattoo ကိုထိုးတာ ဘယ်သူလဲ? မကောင်းတာမှန်သမျှရဲ့ ဖခင်ပဲပေါ့။ အလိမ်ရှင် မာရ်နတ် အစုတ်အပြတ်လေ။ ထိုးထားတဲ့ ရေးသွင်းချက်တွေ ကတော့ ငါဟာ –

  • ဆိုးတဲ့ လင်ယောင်္ကျားပါလား?
  • ခိုးတတ်တဲ့ဝန်ထမ်းပါလား?
  • ရုပ်ဆိုးတဲ့အကျည်းတန် အမည်းစက်တွေ အပြည့်နဲ့ပါလား?
  • သေရင် ငရဲကိုရောက်ဖို့ ပိုများပါလား ?
  • ဘုရားရဲ့ သားဆိုတာ ဟုတ်မှဟုတ်ရဲ့လား?

စဉ်းစားကြည့်ရင် ကြောက်စရာကြီးပါမိတ်ဆွေ။

  • စာတန်က ဒီအမှားတွေကို (တတိယ Tattoo အနေနဲ့) စိတ်ထဲမှာ ထိုးထားလိုက်ပြီးနှင့်ပြီ။
  • စစ်ကြည့်လိုက်လို့ တွေ့လိုက်ရတာ။
  • မစစ်များ မစစ်ရင်တော့…ရင်လေးစရာ။ သေတဲ့အထိပေါ့ …ရှိနေမယ့် Tattoo တွေလေ။
  • ကိုယ်ကလည်း ကိုယ်ကိုယ်တိုင် ဒုတိယ Tattoo ကိုထိုးပြီး သူများကိုပြပြီး အချက်ပေးထားသေးတယ်။ ‘သတိ-စိတ်ထိခိုက်တတ်သည်’ တဲ့။
  • သူများရဲ့ လာထိုးတဲ့ ပထမ Tattoo ကလည်းရှိနေသေးတယ်။ ‘ကြွားနိုင်သမျှကြွားပါ’ တဲ့။
  • ဒီကြားထဲ ဘုရားဆီကလာတဲ့ ကောင်းချီးမင်္ဂလာကို စာတန်က လာခိုးတာက ခဏ၊ ခဏ။
  • ကိုယ်ပိုင်ဆိုင်တဲ့ အချိန်တွေကို စာတန်က လာလာခိုးပြန်သေးတယ်။

အခုမှပဲ အကျွတ်တရားရပြီး ကိုယ့်ကိုယ်ကို (Fully Scan လုပ်ကြည့်လိုက်တော့) အရာအားလုံးကို လုံးလုံးမြင်မိတော့တယ်။ အမှားကိုမြင်ပြီ။ ဟုတ်ပြီ… ဘာလုပ်မလဲ? အရေးကြုံလာရင် အမြဲတမ်း လုပ်လေ့ရှိတတ်တဲ့ အမှုတော်ဆောင်ကောင်းတစ်ယောက်ရဲ့ စံနမူနာကို ပြန်မှတ်မိလိုက်တယ်။ သူဘယ်တော့မှ လူတကာဆီဖုန်းဆက်ပြီး အကူအညီမတောင်းဘူး။ ဒူးထောက်ချလိုက်ပြီး ဘုရားကို ပြောတော့တာပဲ။

ကိုယ့်ဒူးတွေကို အမိန့်ပေးလိုက်တယ်။ ‘ဒီ Tattoo (၃) ခု ကိုယ့်ဘ၀ထဲမှ ပပျောက်ဖို့ ဒူးထောက်စမ်း’ လို့လေ။ ဘုရားဆီမှာ ဝန်ချတော့တာပေါ့။ ဆုတောင်းနေစဉ် အကုန်လုံးဝန်ချတောင်းပန်ပြီး နောင်တရမိတယ်။ ပြန်လည်း မလုပ်ဖြစ်အောင် သန့်ရှင်းသောဝိညာဉ်တော်ကို ဆုတောင်းဆက်ကပ်မိတယ်။

ကဲ…ဆုတောင်းပြီးပြီ။ အခုဘာဆက်လုပ်မလဲ။ ငါဘယ်လို ဒီ Tattoo (၃)ခုကို ပြင်ရမလဲ? စဉ်းစားနေခိုက် ဘုရားရှင်ဝင်လာတယ်။ ‘ပျောက်သောသား’ ပုံပြင်လေးကို ချက်ချင်းကျွန်တော့်အား အမှတ်ရစေတယ်။ သူပြောခဲ့တဲ့ သူ့ရဲ့စကားလုံးတွေလေ။ တောင်းပန်စကားပြောပြီးရင် ‘အဖေ..ကျွန်တော့်ကို အဖေ့ရဲ့အစေခံ သာသာပဲထားပြီး ပြန်လက်ခံပါ’ လို့ ပြောမယ်လို့ ကြံစည်ခဲ့ပေမဲ့လည်း ‘အဖေ..ဘုရားရှင်နဲ့အဖေ့ကို ကျွန်တော်ပြစ်မှားမိခဲ့ပါပြီ၊ ကျွန်တော့်ကို သားလို့ခေါ်ဖို့ မထိုက်တန်ပါဘူး’ လို့ပဲ ပြောနိုင်ခဲ့တယ်။ Make me like one of your hired men ဆိုတဲ့စကားလုံး (၈) လုံးကို မပြောနိုင်ခဲ့ဘဲ ဘာကြောင့် ‘ကျွန်တော့်ကို သားလို့ခေါ်ဖို့မထိုက်တန်ပါဘူး’ လို့ ပြောပြီး အဆုံးသတ်ခဲ့တယ်လို့ မိတ်ဆွေထင်ပါသလဲ?

ဆိုလိုရင်းက ‘ဘုရားနဲ့အဖေကို ကျွန်တော်ပြစ်မှားမိပါပြီ’ လို့ ပြောပြီး ‘ကျွန်တော့်ကို ကျွန်တစ်ယောက်ကဲ့သို့ ပြန်လက်ခံပြီး၊ ကျွန်တန်းလျားမှာတော့ ထားပေးပါ’ လို့ နိဂုံးသတ်ပြောပြီး တိုးလှျိုးတောင်းပန်မဲ့ သူ့ရဲ့တောင်းပန်ချက်ပါ။ ဒါပေမယ့် ‘အစေခံကျွန်’ Tattoo အပိုင်း လုံးဝပျောက်ထွက်သွားတယ်။
ဟာလေလုယာ။ အဖေက လုံးဝ အဲ့ဒီစကားလုံး (၈)လုံးကို ပြောခွင့်မပေးလိုက်ဘူး။ ပြောချင်တာက ‘ဘုရားနဲ့ အဖေ့ကို ကျွန်တော်ပြစ်မှားမိပါပြီ’ လို့ တောင်းပန်တဲ့စကားပြော ပြီးတာနဲ့ တပြိုင်နက် အဖေဟာ စကားအားလုံးကို ဖျက်တောက်လိုက်ပြီး သားကိုဘာမှဆက်မပြောစေတော့ဘူး။ ‘အစေခံကျွန် ‘Tatoo’ လုံးဝမထိုးစေရဘူးလေ။ အဖေ ကိုယ်တိုင်ကလည်း သားကို ‘အစေခံကျွန် Tattoo ‘ မထိုးသလို၊ သားကိုယ်တိုင် သူ့ကိုယ်သူ ‘အစေခံကျွန် Tattoo ‘ ထိုးမှာကိုလည်း လုံးဝမဖြစ်စေလိုက်ဘူး။ အဖေဟာ သားရဲ့ ‘အစေခံပဲဖြစ်စေပါရစေ’ ဆိုတဲ့စကားကို လုံးဝမထွက်စေဘဲ ပိတ်ပစ်လိုက်တယ်။ ကျေးဇူးကြီး
လိုက်တာ အဖေရယ်…။

အဲဒီပျောက်သောသား အိမ်ပြန်လာတဲ့နေ့ဟာ ထိုးထားသမျှ Tattoo အားလုံး ပပျောက်သွားတဲ့နေ့ပါ။
မိတ်ဆွေ …ဘုရားသခင်ဆီကို ပြန်လာပါ။ ဒီသဘောပါပဲ။

  • ဝက်စားကျက်ထဲမှာ လူးလှိမ့်နေခဲ့ပြီး ဝက်စာ စားခဲ့ရတဲ့ဘဝ (တနည်းအားဖြင့် သူများ ကျွေးတာ စားရတဲ့ဘဝ Tattoo တစ်)
  • ညဥ့်ငှက်ပြည့်တန်ဆာများနဲ့ တစ်ကုတင်ထဲ သွားအိပ်ခဲ့တဲ့ဘဝ (တနည်းအားဖြင့် ကိုယ့်ဘဝကို သူတို့နဲ့ တစ်ဘ၀ ထဲ ဖြစ်စေအောင် ကိုယ့်ကိုယ်ကို Tattoo ထိုးတဲ့ဘဝ (Tattoo နှစ်)
  • ကျွန်ဖြစ်စေရမယ့်ဘဝ (တနည်းအားဖြင့် စာတန်ပေးတဲ့ အကြံနည်းလမ်းနဲ့ ကျွန်ဖြစ်စေတဲ့ဘဝ Tattoo သုံး)

ဒီလို Tattoo တွေဘယ်လောက်ပဲ ရှိခဲ့ရှိခဲ့ မိတ်ဆွေခရစ်တော်ဘုရားရှင်က သင့်ကို

  • သူ့မေတ္တာနဲ့ သူ့ရဲ့ချစ်သားအဖြစ် လက်ခံတယ်။
  • သူ့အသွေးနဲ့ ရွေးဝယ်ထားတဲ့သားအဖြစ် သင့်ကိုသူမြင်တယ်။ သူ့အသွေးနဲ့ Tattoo တွေကို ဆေးပြီးဖျောက်ဖျက်ပစ်လိုက်တာပါ။

ကဲ…မေးပါရစေ ..သင့်မှာရှိတဲ့ ဘာ Tattoo ကိုအခုပဲ ဖျောက်ဖျက်ပစ်ချင်ပါသလဲ ပြောပါမိတ်ဆွေရယ်။
အစိမ်းရောင် Tattoo နဲ့ မိန်းခလေးရေ ..မင်း Tattoo ရှိရှိသမျှ အားလုံးပပျောက်ပါစေ။

ဘုန်းစည်းစိမ်၌စံပါယ်သောခရစ်တော်၏ ကြီးမြတ်သောနာမတော်၌

ဘာသာပြန်ဆိုသူ
Chris Htet Naing U

(အဖိုးဆရာကြီးဦးမောင်ဦးနှင့် အဖွားဆရာမကြီးဒေါ်ခင်ဆုံတို့အား ဂုဏ်ပြုလျက် ရေးသားပါသည်။ chrishnu@gmail.com သို့တုန့်ပြန်ချက်များကိုပေးပို့ခြင်းဖြင့် အပြန်အလှန်ဆက်သွယ်ကြရအောင်)

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s